၂၆. ၁၂. ၂၀၂၃
Written by Tha Doe

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ (၁၀) မိုင်ကုန်းမှာ တည်ရှိတဲ့ မဟာဝိဟာရကျောင်းတိုက်၊ အပ္ပမာဒတောစခန်းက ကိုရင် ၄ ပါး ပျောက်ဆုံးနေပြီး ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၃ နာရီခန့်အထိ ပြန်မတွေ့သေးဘူးလို့ ကျောင်းတိုက်နဲ့နီးစပ်သူထံက သိရပါတယ်။

“ဆရာ၊ မိဘတွေက ဆက်သွယ်မရပါသဖြင့် ဒီကိုရင် (၄)ပါး တွေ့ရင် အောက်ပါဖုန်းနံပါတ်လေး ဆက်ပေးပါဦးနော်….၀၉ ၆၇၆၆၉၁၄၇၅၊ ၀၉ ၆၉၇၄၅၆၀၈၁၊ ၀၉ ၆၆၈၆၁၄၁၇၄၊ ၀၉ ၇၉၀၇၇၂၉၃၃ ” လို့ ကျောင်းတိုက်ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုရင် ၄ ပါးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်က ရှင်ဓမ္မာနန္ဒ၊ လားရှိုးမြို့နယ်က ရှင်ဃောသက၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ရှင်စန္ဒနဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့က ရှင်ပညာသိရီ တို့ဖြစ်ပြီး အသက် ၁၀ နှစ်ကနေ ၁၂ နှစ်ကြားအရွယ်တွေရှိတဲ့ ကိုရင်တွေဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံလာတဲ့သတင်းအရ ဒီဇင်ဘာ ၁၄ ရက်ဝန်းကျင်က မနက်အရုဏ်ဆွမ်းဘုဥ်းမပေးခင်အချိန်ကတည်းက ကိုရင် ၄ ပါးဟာ ကျောင်းတိုက်ကနေ ထွက်ခွာသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပေမဲ့လည်း ကိုရင်ငယ် ၄ ပါးဟာ ကျောင်းတိုက်ကနေ ပျောက်ဆုံးနေတာ ၁ လနီးပါးရှိနေပြီလို့လည်း သိရပါတယ်။

ကိုရင်ငယ် ၄ ပါး ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး ဖော်ပြအကူအညီတောင်းခံနေတဲ့ Mahavihara Bago လူမှုကွန်ရက်မှာလည်း ကိုရင် ၄ ပါးဟာ ကျောင်းတိုက်က ထွက်ပြေးတာဖြစ်ကြောင်း၊ လိုက်ရှာသော်လည်း မတွေ့တာ တစ်လလောက်ရှိပြီဖြစ်ကြောင်း၊ တစ်နေရာရာမှာ ၄ ပါးစလုံးရှိနေမယ်ထင်ကြောင်း၊ မပျော်လို့ပြေးတာဖြစ်ကြောင်း တုံ့ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News