၁၈.၁၂.၂၀၂၃

Translated by Htwe Ko Tun

အစ္စရေးတပ်ဖွဲ့များက ဂါဇာမြောက်ပိုင်းနှင့်အစ္စရေးနိုင်ငံတို့အကြား အီရက်ဇ် နယ်စပ်ဖြတ်ကျော်ရေးဂိတ်မှ စတင်သော မီတာ ၄၀၀(၁,၃၁၀ ပေ) ရှိ ဂါဇာဒေသ၌ ဟားမားစ်တို့၏အကြီးမားဆုံးသော လိုဏ်ခေါင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းလိုဏ်ခေါင်းက မော်တော်ယာဉ်တစ်စီးဝင်ရောက်နိုင်သည်အထိ ကြီးမားကြောင်းလည်း သိရသည်။

အဆိုပါလိုဏ်ခေါင်းကိုတည်ဆောက်ရန် နှစ်နှင့်ချီ၍ကြာမည်ဖြစ်ပြီး ဒေါ်လာသန်းပေါင်းများစွာလည်း ကုန်ကျလိမ့်မည်ဟု အစ္စရေးစစ်ဘက်က ပြောခဲ့သည်။လိုဏ်ခေါင်းက ၄ ကီလိုမီတာ(၂ ဒသမ ၅ မိုင်)ကျော် ရှည်လျားသည့် လိုဏ်ခေါင်းအခွဲများလည်းရှိသည်ဟုဆိုသည်။

ထိုလိုဏ်ခေါင်းကို အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုများကို စီစဉ်ဆောင်ရွက်ခဲ့သူ ဟု ယုံကြည်ရသည့် ဟားမားစ် အဆင့်မြင့်တပ်မှူး ယာဟာ ဆင်ဝါ၏ အစ်ကို မိုဟာမက် ယာဟာက ကြီးကြပ် ဆောက်လုပ်ခဲ့ခြင်းဟုလည်း ဆိုကြသည်။ ထို့ပြင်အစ္စရေးစစ်ဘက်က များပြားလှသော လက်နက်ခဲယမ်းများကို ထိုလိုဏ်ခေါင်းအတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ပြောခဲ့သည်။

အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ရစ်ချတ်ဟတ်ချ်က ဟားမားစ် တို့က ဤကဲ့သို့စီမံကိန်းများကို အရင်းအမြစ်များစွာအသုံးပြု ၍ ချဲ့ထွင်ဆောင်ရွက်ခဲ့ခြင်းမှာ အစ္စရေးနိုင်ငံနှင့်ပြည်သူတို့ကို တိုက်ခိုက်ရန်ဟူသည့် တစ်ခုတည်းသောရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News