◼️ရဲအရာရှိလေးဦးဒဏ်ရာရပြီး ၃၉ ဦး ဖမ်းဆီးခံရ

၁. ၁၂. ၂၀၂၃

Translated by Hwe Ko Tun

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့၌ နိုဝင်ဘာ ၃၀ ရက်ညက ကျင်းပခဲ့သော အင်္ဂလန်မှ အက်စတန်ဗီလာအသင်းနှင့် ပိုလန်နိုင်ငံမှ လတ်ဂျီယာဝါဆောအသင်းတို့၏ ယူရိုပါကွန်ဖရင့်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့၍ ရဲအရာရှိလေးဦးဒဏ်ရာရကာ လူ ၃၉ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပွဲစဉ်တွင် ဝါဆောအသင်း၏ အဝေးကွင်းပရိသတ်များကို လုံခြုံရေးအကြောင်းပြချက်များဖြင့် ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်မပေးဘဲ ရဲတပ်ဖွဲ့က တားဆီးထားခဲ့သည်။ ပွဲကိုပုံမှန်အချိန်အတိုင်းစတင်နိုင်ခဲ့သော်လည်း ဝါဆောအသင်း၏ အဝေးကွင်းပရိသတ်များ တစ်ဦးမျှမရှိသည်ကို တွေ့ခဲ့ကြရ သည်။ ဝါဆောက အက်စတန်ဗီလာအနေဖြင့် ကတိချိုးဖောက်ကြောင်းစွပ်စွဲခဲ့သော်လည်း အက်စတန်ဗီလာကမူ ပွဲကို လုံခြုံစိတ်ချရမှုအကြောင်းများအရ ဤသို့ ပြုလုပ်ရခြင်းဟုပြောခဲ့သည်။

This image has an empty alt attribute; its file name is IMG_6565-1024x576.jpeg

ပွဲမစမီ တစ်နာရီခန့်ကစ၍ ဝါဆောအသင်း၏အဝေးကွင်းပရိသတ်များက ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်လုပ်ရပ်များစတင်ပြုလုပ်လာခဲ့ကြသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ပွဲလုံခြုံစိတ်ချရမှုရှိစေရန် ၎င်းတို့ကို ဝင်ခွင့်မပေးခဲ့ခြင်းဟုလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ ထို့ပြင် အက်စတန်ဗီလာ အသင်းက အဝေးကွင်းပရိသတ်အား ထိုသို့ပြုမူမှုအတွက် ရှုတ်ချခဲ့ကြောင်းလည်းသိရသည်။

ထိုပွဲတွင် အိမ်ရှင် အက်စတန်ဗီလာက ဝါဆောအသင်းအား နှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရသွားခဲ့သည်။

Ref : :; Sky News

Leave a Reply

Your email address will not be published. Required fields are marked *

Related News