၇. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အင်္ဂါနေ့ (ဒီဇင်ဘာ ၅ ရက်) ညသန်းခေါင်ယံအချိန်က တူးမြောင်းတစ်ခုထဲကို မြန်မာအမျိုးသားတစ်ဦး ပြုတ်ကျရာမှ သေဆုံးခဲ့တယ်လို့ အခင်းဖြစ်ရာနေရာကို အရေးပေါ် သွားရောက်ကယ်ဆယ်ခဲ့တဲ့ တာဝန်ရှိသူတွေဆီက သိရကြောင်း ထိုင်း မီဒီယာတွေက ဒီနေ့မှာ ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးသမားတွေက သုံးမီတာလောက် အနက်ရှိတဲ့ တူးမြောင်းထဲကို ဆင်းကာ ပြုတ်ကျခဲ့တဲ့ အမျိုးသားကို ကယ်ယူခဲ့ပေမဲ့ သူဟာ သေဆုံးသွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသားဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း နီးစပ်ရာဒေသခံတွေရဲ့ ပြောကြားချက်အရသိရပြီး သူ တူးမြောင်းထဲကို မပြုတ်ကျခင် အရက်မူးနေတာကို တွေ့ခဲ့တယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။

အဆိုပါ အမျိုးသားရဲ့ နာမည်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်း မရှိသေးဘဲ အမှုကို သတင်းထုတ်ပြန်တဲ့ အချိန်ကစပြီး စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; The Phuket Express

Leave a Reply

Your email address will not be published. Required fields are marked *