၇. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံအစိုးရက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များအောက်တွင် ဆက်သွယ်ရေးနှင့် အခြားစီမံကိန်းများအပါအဝင် လူထုအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို မြန်မာနိုင်ငံအတွက် ဆက်လက်ထောက်ပံ့ဆောင်ရွက်သွားမည်ဟု ဒီဇင်ဘာ ၆ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နယူးဒေလီမြို့တွင် ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံဆွေးနွေးကြရာတွင် အိန္ဒိယဘက်မှ မြန်မာနိုင်ငံ၏ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းရေး ဆောင်ရွက်နေမှုကို ထောက်ခံကြောင်းနှင့် မြန်မာအစိုးရကို ပုန်ကန်တိုက်ခိုက်နေမှုများ၏ နောက်ခံဖြစ်ရပ်များကို ဆန့်ကျင်ကြောင်းပြောခဲ့သည်။

ဗီနေး ကွာထရာ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်မြန်မာဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦး ခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့က ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြသည်။ အသေးစိတ်မဖော်ပြခဲ့သော်လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ဦးတည်သော မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးပွဲ၌ ထပ်မံပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေး၊ ဆက်သွယ်မှုစနစ်များ၊ မြန်မာနိုင်ငံအတွင်း အကျိုးတူဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ၏အဆင့်နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့်ဆက်စပ်ကိစ္စများကို နှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်းလည်း ဆွေးနွေးပွဲကြေညာချက်၌ ဖော်ပြခဲ့သည်။

Ref——The Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *