၆. ၁၂. ၂၀၂၃
Written by Pan Ei

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း အန်တစ်ပြည်နယ်မှာ ခရီးသည်ဒါဇင်ပေါင်းများစွာကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ ဘရိတ်ပေါက်ပြီး ချောက်ထဲပြုတ်ကျမှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒီနေ့ (ဒီဇင်ဘာ ၆ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ခရီးသည် စုစုပေါင်း ၅၃ ဦးကို တင်ဆောင်လာတယ်လို့ ခန့်မှန်းရတဲ့ အဲ့ဒီ ဘတ်စ်ကားဟာ အင်္ဂါနေ့ညနေပိုင်းက အီလွိုင်လိုပြည်နယ်ကနေ အန်တစ် ရှိ ကူလဆီမြို့ကို သွားရာလမ်းမှာ ဘရိတ်တွေ ချို့ယွင်းသွားကာ မီတာ ၃၀ လောက်အနက်ရှိတဲ့ ချောက်ထဲသို့ ထိုးကျသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-06_11-04-26.jpg

လက်ရှိမှာ ဒဏ်ရာရရှိသူ ၁၁ ဦးအနက် လူခုနှစ်ဦးက ဆေးရုံမှာ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပြီး လေးဦးမှာ တည်ငြိမ်နေတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

ဘတ်စ်ကား ဘရိတ်ပေါက်ခဲ့တဲ့ နေရာဟာ တောင်တက်လမ်းဖြစ်တာကြောင့် ဘတ်စ်ကားက မြင့်တဲ့နေရာကနေ ပြုတ်ကျခဲ့တာဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက အသက်ရှင် ကျန်ရစ်သူတွေကို ခက်ခက်ခဲခဲကယ်ဆယ်နေရသလို ချောက်အတွင်းက လူတွေရဲ့ အလောင်းတွေကိုလည်း ပြန်လည်ဆယ်တင် ရယူလျက်ရှိတယ်လို့ သိရပါတယ်။

Ref; gulfnews

Leave a Reply

Your email address will not be published. Required fields are marked *

Related News