၅. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ၊ ပရာချက်ကီရီခမ်းပြည်နယ်မှာ ခရီးသည်တင် ဘတ်စ်ကားတစ်စီး သစ်ပင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် နံနက် ၁ နာရီလောက်က ဘန်ကောက်ကနေ နသာဝီခရိုင်ကို မောင်းနှင်လာတဲ့ နံပါတ် ၁၄-၃၃၀၁ နဲ့ ခရီးသည်တင်ဘတ်စ်ကားတစ်စီးဟာ ဟတ်ဝနာကွန် အမျိုးသားဥယျာဉ် ဝင်ပေါက်အနီးက သစ်ပင်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိခဲ့တာဖြစ်ပြီး ခရီးသည်အများအပြား အသက်ဆုံးရှုံးခဲ့ရသလို နောက်ထပ်များစွာသော ခရီးသည်တွေလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ အပျက်အစီးအတွင်း ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-05_11-56-22.jpg

ကနဦးသတင်းတွေအရ အဆိုပါဘတ်စ်ကားမှာ ဝန်ထမ်း ၃ ဦးနဲ့ ခရီးသည် ၄၆ ဦးတို့ လိုက်ပါလာတယ်လို့ သိရပြီး ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *

Related News