၄.၁၂.၂၀၂၃
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အာဏာရပါတီအစိုးရနှင့် အတိုက်အခံပါတီတို့အကြား ပဋိပက္ခပြင်းထန်လာမှုနှင့်အတူ အတိုက်အခံ BNP ပါတီခေါင်းဆောင်သော သဘောထားတူ အခြားနိုင်ငံရေးပါတီများပါ ပါဝင်ကြသည့် ပိတ်ဆို့ဆန္ဒပြပွဲ၏ အဆင့် ၉ ဒုတိယနေ့အဖြစ် ဆန္ဒပြမှုများကို နိုင်ငံတစ်ဝန်းလုံး၌ ဒီဇင်ဘာ ၄ ရက်တွင် ဆက်လက်ပြုလုပ်နေကြကြောင်းသိရသည်။

၄၈ နာရီကြာမည့် ပိတ်ဆို့ဆန္ဒပြပွဲများနှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB)မှ တပ်စု ၁၅၈ စုနှင့် RAB ခြေမြန်တပ်ရင်းများမှ တပ်ဖွဲ့ ၄၃၅ ဖွဲ့တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မြို့ကြီးများတွင် တပ်ဖြန့်ချ၍ စောင့်ကြပ်‌နေကြောင်းသိရသည်။ ထိုတပ်ဖွဲ့များအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲတပ်ဖွဲ့ ကလည်း နိုင်ငံတစ်ဝန်းတွင် အများပြည်သူများ၏အသက်အိုးအိမ်နှင့် ဥစ္စာပစ္စည်းများ လုံခြုံရေးအတွက် နိုင်ငံတစ်ဝန်း စောင့်ရှောက်ပေးနေသည်ကို ဒီဇင်ဘာ ၄ ရက်တွင် တွေ့ကြရသည်။ ထို့ပြင် RAB တပ်ရင်းများမှ စုံထောက်များက ကားမှတ်တိုင်များ၊ ရထားဘူတာရုံများအပါအဝင် အရေးကြီးသောနေရာများ၌ ပိတ်ဆို့မှုနှင့် အကြမ်းဖက်မှုများမဖြစ်စေရန် ကင်းလှည့်စောင့်ရှောက်လျက်ရှိကြသည်။

မြို့တော်ဒက္ကာတွင် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်း၌ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ နေရာတော်တော်များများ၌ ပုံမှန်အတိုင်းရှိနေပြီး အဝေးပြေးဘတ်စ်ကားများလည်း ပြေးဆွဲနေကြောင်း တွေ့ရသည်။ ထို့ပြင် ကိုယ်ပိုင်ကားများ၊ ဆိုက်ကားများနှင့်ဓာတ်ငွေ့ရည်သုံး သုံးဘီးအငှားယာဉ်များပါ လမ်းများပေါ်၌ ပြန်လည်ပြေးဆွဲလျက်ရှိကြသည်။

အတိုက်အခံ BNP ပါတီ၏ ပိတ်ဆို့ဆန္ဒပြပွဲ အဆင့်ကိုးကို ဒီဇင်ဘာ ၃ ရက် နံနက် ခြောက်နာရီမှ ဒီဇင်ဘာလ ၅ ရက် နံနက် ခြောက်နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။

Ref—-Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *

Related News