၄. ၁၂. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ ကျောက်ဖယားမြစ်အတွင်းသို့ လှေပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံသား လှေမောင်းသမားက ကယ်တင်ပေးခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် Por Tek Tung Foundation မှ ကူညီကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများသည် အဆိုပါသတင်းကိုလက်ခံရရှိခဲ့ပြီးနောက် သွားရောက်ခဲ့ရာ အမျိုးသမီးတစ်ဦးကို ကျေးရွာသားများနှင့်မျက်မြင်တွေ့ရှိသူများက ဝိုင်းဝန်း ကူညီပေးနေသည်ကိုတွေ့မြင်ခဲ့ရသည်။ အဆိုပါအမျိုးသမီးသည် မည်သူမည်ဝါဖြစ်သည်ဆိုသောအချက်ကို အတိအကျ မေးမြန်းနိုင်ခြင်းမရှိသော်လည်း ၎င်း၏အိတ်နှင့်မိုလ်ဘိုင်းဖုန်းတို့အရ မြန်မာနိုင်ငံသားဖြစ်ဖွယ်ရှိနေကြောင်း၊ အမျိုးသမီး၏ ဖုန်းတွင်ရေးသားထားသည့်စာများက မြန်မာစာများဖြစ်နေပြီး မြန်မာနိုင်ငံသားအမျိုးသမီးအဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-12-04_12-52-41-1024x576.jpg

လှေပေါ်တွင်လိုက်ပါလာသော မျက်မြင်တွေ့ရှိသူ အသက် ၃၂နှစ်အရွယ်ရှိ Mr. Chokcharoen Sae Ung က ၎င်းသည် မြန်မာအမျိုးသမီးနှင့် မျက်နှာချင်းဆိုင်ထိုင်နေခဲ့ပြီး အမျိုးသမီး၏ပုံစံက ဝမ်းနည်းစိတ်မကောင်းဖြစ်နေပုံရှိနေကြောင်း၊ မြန်မာအမျိုးသမီး ပုံစံသည် ပုဂ္ဂိုလ်ရေးဆိုင်ရာအခက်အခဲဖြစ်နေသည့်ပုံစံမျိုးဖြစ်နေကြောင်း ပြောသည်။ လှေက မြစ်အလယ်ကိုရောက်ရှိလာချိန်တွင်အမျိုးသမီးသည် ဖိနပ်ချွတ်ကာ မြစ်ထဲကို ရုတ်တရက်ခုန်ဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူကထပ်မံပြောဆိုခဲ့သည်။

မြန်မာအမျိုးသမီး မြစ်အလယ်ကို ခုန်ဆင်းခဲ့ပြီးနောက် အော်ဟစ်အကူညီတောင်းခံမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ အော်ဟစ်အကူအညီတောင်းမှုများကြောင့်အသက် ၄၇ နှစ်အရွယ်ရှိ လှေမောင်းသမားတစ်ဦးဖြစ်သော Mr. Mor Nilchawee ဆိုသူက ရေနစ်နေသည့် မြန်မာအမျိုးသမီးကို ကယ်တင်နိုင်ခဲ့ကြောင်း လှေပေါ်တွင်လိုက်ပါလာသော မျက်မြင်တွေ့ရှိသူ အသက် ၃၂နှစ်အရွယ်ရှိ Mr. Chokcharoen Sae Ung က ပြောသည်။

Ref; thairath.

Leave a Reply

Your email address will not be published. Required fields are marked *