MT News
၂. ၁၂. ၂၀၂၃

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးထံ လာရောက်ဖူးမြော်တဲ့ နိုင်ငံခြားသားတွေကို လာမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစ ဧည့်ဝင်ကြေး တစ်ဦး ကျပ် ၁၅၀၀၀ နှုန်း ပြောင်းလဲကောက်ခံသွားမယ်လို့ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြေညာထားပါတယ်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးဟာ ထိုင်းနဲ့ လာအို အပါအဝင် ဗုဒ္ဓဘာသားကိုးကွယ်တဲ့ နိုင်ငံတွေက လာရောက်မှုများပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကလည်း လာအိုနိုင်ငံကအလှူရှင်တွေလာ ဗိုလ်တထောင်ရောဟဏီဘိုးဘိုးကြီးကို ရွှေသားအစစ်တောင်ဝှေး လှူဒါန်းခဲ့သလို နိုဝင်ဘာ ၆ ရက်ကလည်း ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး Surachate Hakparn နဲ့လာရောက်ဖူးမြော်တာ၊ နိုဝင်ဘာ ၂၃ ရက်မှာ ထိုင်းဘုရင့် လေတပ် ဦးစီးချုပ် Royal Thai Air Force Commander- In- Chief Air Chief Marshal Punpakdee Pattanakul With Spouse နဲ့ ကိုယ်စားလှယ်အဖွဲ့လာရောက်ဖူးမြော်မှုတွေ ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News