၂၇. ၁၁. ၂၀၂၃

Photo – Tha Doe

ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်ဆိုတဲ့ အမြတ်ဆုံးအလှူလေးမျိုးထဲက ကထိန်အလှူပွဲတွေဟာ ရန်ကုန်မြို့အနှံ့အပြားမှာ အများအပြားကျင်းပနေပါတယ်။

၂၀၂၁ နိုင်ငံရေးအကျပ်အတည်းဟာ ဗုဒ္ဓဘာသာအပေါ် အဓိကသက်ရောက်ခဲ့ပြီး အလှူအတန်းပြုရင်တောင် သူလျှို၊ ဒလန်သမုတ်ခံရတာကြောင့် ၂၀၂၁ မှာ ကထိန်အလှူအတန်းတချို့ ပျောက်ရှခဲ့ပေမဲ့ ၂၀၂၂ ကစတင်ပြီး ကထိန်အလှူအတန်းတွေ ပြန်လည်များပြားလာသလို ဒီနေ့ရဲ့ လမ်းမပေါ်မှာ ယာဥ်အတန်းလိုက်သွားလာရင်လည်း ကထိန်အလှည့်ပါပဲ။

ကထိန်သင်္ကန်းဟာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအတွက် တစ်နှစ်မှ တစ်လ၊ တစ်လမှတစ်ကြိမ်သာ လက်ခံကျင်းပခွင့်ရရှိသလို ကထိန်သင်္ကန်းရတဲ့ ရဟန်းတော်ဟာလည်း ၂၂၇ သွယ်သောသိက္ခာပုဒ်ထဲက ငါးခုကို ကျော်လွှားခွင့်ရတာကြောင့် ကထိန်သင်္ကန်းကို အထွတ်အမြတ်ထားကြပါတယ်။ ဒီလိုမျိုး အထွတ်အမြတ်ထားရာ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန့်စင်တဲ့ ကထိန်အလှူတော်တစ်ခုကို MT News က သွားရောက်ရိုက်ကူး ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News