၂၇. ၁၁. ၂၀၂၃

Written by Nay Aung

တရုတ်စစ်တပ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကို ချက်ချင်းအပစ်အခတ်ရပ်စဲရန်တောင်းဆိုလိုက်ကြောင်း တရုတ်စစ်တပ်၏အာဘော်သတင်းစာဖြစ်သည့် PLA Daily သတင်းဌာနက ဖော်ပြထားသည်။

တရုတ်စစ်တပ်အနေဖြင့် နယ်စပ်ဒေသလုံခြုံရေး ဘေးကင်းစိတ်ချရမှုများဖြစ်ရန် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုလိုက်သည့်အပြင် ” တရုတ်- မြန်မာနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး ထိန်းသိမ်းနိုင်ခြင်းဟာ နှစ်နိုင်ငံစလုံးရဲ့ပြည်သူတွေအတွက် ချမ်းသာသုခဖြစ်စေမှာဖြစ်ပြီး တူညီတဲ့ဆန္ဒဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်။ အခြေအနေတွေ တင်းမာမှုတွေကနေ ရှောင်ရှားနိုင်အောင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ နဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့တောင်းဆိုပါတယ်” ဟုပြောသည်။

This image has an empty alt attribute; its file name is IMG_6106.jpeg

တရုတ်စစ်တပ်သည် ပြီးခဲ့သော နိုဝင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော ယူနန်ပြည်နယ်နယ်စပ်ဒေသ၌ ကျည်အစစ်ဖြင့် ပစ်ခတ်သော စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့က ၁၀၂၇ အမည်ရှိစစ် ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း တရုတ်စစ်တပ်က နယ်စပ်ဒေသတွင် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့် ခန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)က ၎င်းတို့သည် ပြီးခဲ့သော ရက်ပိုင်းတွင် မူဆယ်မြို့ရှိ ကျင်စန်းကျော့ အဓိကုန်သွယ်ရေးစခန်းကို ထိန်းချုပ်ခဲ့ကြောင်း ပြောခဲ့သလို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသည် မူဆယ်မြို့ရှိ ကျင်စန်းကျော့ဂိတ်မှ ကုန်သွယ်ရေးကားများကို ဒရုန်းအသုံးပြုကာ Drop Bombs ချတိုက်ခိုက်ခဲ့၍ ကုန်ကားအစီးရေ ၁၂၀ ထိခိုက်ပျက်စီးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong သည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိတရုတ်နိုင်ငံအကျိုးစီးပွားကို ကာကွယ်နိုင်ရန်အတွက် လိုအပ်သောအစီအမံများလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။

Ref; scmp

Leave a Reply

Your email address will not be published. Required fields are marked *