၂၇. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

တရုတ်နိုင်ငံ၏ Air China, China Eastern နှင့် Shanghai Airlines တို့ အပါအဝင် လေကြောင်းလိုင်းဆယ်ခုက ခရီးသွားများ ကြိုတင်လက်မှတ်ဝယ်ယူမှု မျှော်လင့်သည်ထက် နည်းပါးနေမှုကြောင့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ အတွင်း ထိုင်းနိုင်ငံသို့ ပျံသန်းရေးခရီးစဉ်များ လျှော့ချဖျက်သိမ်းမည်ဟု ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ မြို့ပြလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဆွတ်တီပွန် ကုန်ပူလ်က တရုတ်လေကြောင်းလိုင်းဆယ်ခုက ထိုင်းနိုင်ငံသို့ ၎င်းတို့၏ ပျံသန်းရေးခရီးစဉ်များကို ဒီဇင်ဘာလနှင့် ၂၀၂၄ ဇန်နဝါရီ လတို့အတွက်ဖျက်သိမ်းသွားမည်ဟု အကြောင်းကြားခဲ့ကြောင်းပြောခဲ့သည်။

၎င်းလေကြောင်းလိုင်းများက ဒီဇင်ဘာလအတွင်း ပျံသန်းရေးခရီးစဉ် ၁၀,၉၃၉ ခု မူလက စီစဉ်ထားခဲ့သော်လည်း ၅,၈၅၈ ခုသာပျံသန်းတော့မည်ဖြစ်ပြီး ၄၆ ရာခိုင်နှုန်း လျှော့ချသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ အတွင်းတွင်လည်း ၎င်းလေကြောင်းလိုင်းများက ပျံသန်းရေးခရီးစဉ် ၁၀,၉၈၄ စီစဉ်ထားခဲ့ရာမှ ၇,၄၂၀ သာ ပျံသန်းပြီး ၃၂ ရာခိုင်နှုန်း လျှော့ချသွားမည်ဟုသိရသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှေးကွေးလာခြင်းနှင့် ပြည်တွင်းခရီးသွားလာရေးတိုးချဲ့သွားရန် တရုတ်အစိုးရ၏မူဝါဒတို့ကလည်း ဤသို့ လေကြောင်း ပျံသန်းမှုခရီးစဉ်များ လျှော့ချဖျက်သိမ်းသည်ထိဖြစ်စေခဲ့ခြင်းဟုယူဆကြသည်။

တရုတ်ခရီးသွားများ အစုလိုက်ပိုမိုဝင်ရောက်လာကြစေရန် ထိုင်းအစိုးရက အခမဲ့ဗီဇာပေးခဲ့ခြင်းကလည်း ထိ ရောက်မှုမရှိစေခဲ့ဟု ဆိုရမည်ဖြစ်သည်။

ခရီးစဥ်ဖျက်သိမ်းသည့် ထိုလေကြောင်းလိုင်း ၁၀ ခုမှာ Air China, Chna Eastern Airlines, Shanghai Airlines, Spring Airlines, China Southern Airlines, Shenzhen Airlines, Juneyao Airlines, Okay Airways, Hainan Airlines နှင့် Beijing Capital Airlines တို့ဖြစ်ကြကြောင်းသိရသည်။

Ref—– Nationa Thailand

Leave a Reply

Your email address will not be published. Required fields are marked *