◾ တရုတ်အစိုးရကလည်း ကိုဗစ်-၁၉ တစ်ကျော့ပြန်လာနိုင်ကြောင်း သတိပေး

၂၆.၁၁.၂၀၂၃

Translated by Htwe Ko Tun

တရုတ်နိုင်ငံတွင် လျှို့ဝှက်ဆန်းကြယ်သည်ဟု ဆိုရမည့် နမိုးနီးယားကဲ့သို့ရောဂါတစ်မျိုး ပျံ့နှံ့ဖြစ်ပွားနေသောကြောင့် အိန္ဒိယနိုင်ငံအတွင်း၌လည်း ပြည်နယ်အစိုးရများအား ဆေးရုံများကို ကြိုတင်ပြင်ဆင်သုံးသပ်မှုများပြုလုပ်ထားကြရန် ဗဟိုအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သော်လည်း သတိပေးချက်များထုတ်ပြန်ရန်မလိုသေးကြောင်း ဆက်လက်ပြောကြားသွားခဲ့သည်။

ထို့အတူ အိန္ဒိယအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်ခု၌ နိုင်ငံ၏ ပြည်နယ်နှင့်ပြည်ထောင်စုနယ်မြေများအားလုံး၌ ဆက်စပ်လျက်ရှိသော ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားခဲ့မှုနှင့်ဆက်စပ်၍ စောင့်ကြပ်ကြည့်ရှုမှုမဟာဗျူဟာများအတွက် လုပ်ငန်းလည်ပတ်မှုဆိုင်ရာညွှန်ကြားချက်များအကောင်အထည်ဖော်ရန် အကြံပေးထားကြောင်း ဖော်ပြခဲ့သည်။

အိန္ဒိယအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တရုတ်နိုင်ငံမြောက်ပိုင်းတွင် ကလေးများ၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ နာမကျန်းဖြစ်မှုများ တစ်ဟုန်ထိုး တိုးမြင့်လာနေသည့် သတင်းများကိုသတိပြုမိကြောင်းနှင့် အခြေအနေကိုတုံ့ပြန်နိုင်ရန် စောင့်ကြည့်ကြီးကြပ်နေကြောင်းလည်းပြောခဲ့သည်။

တရုတ်နိုင်ငံတွင် နိုင်ငံတွင်း၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ နမိုးနီးယားကဲ့သို့ရောဂါတစ်မျိုး ပျံ့နှံ့ဖြစ်ပွားမှုတိုးမြင့်လာနိုင်ကြောင်း၊ အချို့ပြည်နယ်များတွင် ဖြစ်ပွားမှုအထူးမြင့်တက်နိုင်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီက နိုဝင်ဘာ ၂၄ ရက်တွင် ပြောခဲ့သည်။

တရုတ်အစိုးရကလည်း ၎င်းက ကိုဗစ်-၁၉ တစ်ကျော့ပြန်လည်ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်းနှင့် နယ်မြေအားလုံး၌လည်း ကူးစက်ရောဂါများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ အချိန်နောက်မကျစေဘဲ အတိအကျရရှိကြရန် သတိပေးထားသည်။

Ref : ; mint

Leave a Reply

Your email address will not be published. Required fields are marked *