December 11, 2023

တရားမဝင် ဝင်ရောက်သူ မြန်မာအလုပ်သမားများကို ကန်ချနာဘူရီ ခရိုင်းအတွင်း ဖမ်းမိစဉ် မြင်ကွင်း

၂၁. ၁၁. ၂၀၂၃
Written by Peya

ထိုင်းနိုင်ငံတွင် နယ်စပ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိမှု များပြားနေပြီး ကန်ချနာဘူရီခရိုင်ဘက်မှ အများဆုံး ဖမ်းမိခြင်းဖြစ်ကြောင်း အဆိုပါနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ထို့အပြင် MOU ဖြင့် ထိုင်းနိုင်ငံသို့ လာသော်လည်း တကယ်တမ်း ရောက်လာသည့်အချိန်တွင် ဖော်ပြထားသည့် စက်ရုံမျိုး မဟုတ်သည့် အခြေအနေကို ကြုံတွေ့ရသည့် မြန်မာအလုပ်သမားများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

“တရားမဝင် ဝင်တဲ့သူတွေကတော့ နေ့တိုင်းလိုလို ဖမ်းမိတာတွေ ကြားနေရတယ်။ အများစုကတော့ ကန်ချနာဘူရီဘက်ပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီနေရာက ဘန်ကောက်နဲ့ နီးတယ်လေ။ ဘန်ကောက်ကို သွားဖို့ သုံးနာရီလောက်ပဲ ကြာတာ။ အဲ့ဒီတော့ အဲ့ဒီဘက်မှာ အများဆုံး ဝင်ကြတယ်” ဟု အထက်ပါ အလုပ်သမားအရေးဆောင်ရွက်သူက ဆိုသည်။

လက်ရှိတွင် တရားမဝင်နေထိုင်သူများကိုလည်း ထိုင်းတာဝန်ရှိသူများက လိုက်လံ စစ်ဆေးကာ ဖမ်းဆီးခြင်းမျိုး ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

“MOU နဲ့ ဒီကို လာတယ်။ ပြီးတော့ ဒီရောက်တဲ့အခါ စက်ရုံက ပြောထားသလို မဟုတ်ဘူး။ ဒုက္ခရောက်တာမျိုးတွေ ရှိနေတာ သိရတယ်။ အများစုတော့ မဟုတ်ဘူး။ ဖြစ်တော့ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *