MT News
Written by Nay Moe
ရေစကြိုကနေ ပခုက္ကူကိုမောင်းနှင်လာတဲ့ အိမ်စီးယာဥ်တစ်စီးဟာ ကျောက်လှေကားတိုးဂိတ်အနီးမှာ ပစ်ခတ်ခံရပြီး လူနှစ်ဦးသေဆုံးသွားတဲ့အပြင် ဖုန်းနဲ့ငွေတွေပါ လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်ဟာ ဒီနေ့နိုဝင်ဘာ ၆ ရက် နေ့လယ် ၂ နာရီခွဲအချိန်ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး PDF တွေ ကြီးစိုးထားတာကြောင့် ယာဥ် ဂိတ်ကြေးကောက်ခံသူတွေမရှိတော့တဲ့ ကျောက်လှေကားတိုးဂိတ်အနီးမှာ PDF တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ရေစကြိုမြို့နေ ဦးကျော်ကျော်နဲ့ အတူလိုက်ပါလာတဲ့ ဦးဇော်ဝမ်းဆိုသူတို့ ကျည်ထိမှန်သေဆုံးခဲ့သလို Nissan AD Van ယာဥ်ဟာလည်း ကျည်ထိမှန်ဗရပွနဲ့ လမ်းဘေးထိုးကျခဲ့ပြီး ဖုန်းနဲ့ငွေတွေ လုယက်ယူဆောင်သွားတာလို့ ကနဦး သိရပါတယ်။
အဲဒီလမ်းပိုင်းမှာပဲ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က ဆောက်လုပ်ရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦး၊ အင်ဂျင်နီယာအမျိုးသမီးတစ်ဦးနဲ့ ဆောက်လုပ်ရေးလုပ်သားသုံးဦးပါဝင်တဲ့ ကားတစ်စီးကို PDF တွေက ပစ်ခတ်သတ်ဖြတ်လုယက်မှုဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီဖြစ်စဥ်မှာ ပါဝင်သေဆုံးသူတွေကို PDF တွေက အစိုးရကျောင်းတွေ တင်ဒါယူဆောက်လုပ်လို့ပစ်ခတ်တာဖြစ်ပြီး မြန်မာလျှံလင်းအောင်ကုမ္ပဏီနဲ့ ရဲရင့်အားမာန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးအေးအောင်၊ ပခုက္ကူမြို့ခံ ဆိုတ်အင်ဂျင်နီယာ ဒေါ်ခိုင်နွယ်လင်းနဲ့ ပခုက္ကူမြို့ပေါ်က ဆောက်လုပ်ရေးလုပ်သားသုံးဦးတို့ဖြစ်ပြီး PDF တွေက ငါးလောင်းပြိုင်သတ်ဖြတ်မှုအပြင် ယာဥ်ပေါ်ပါပစ္စည်းတွေ မွေနှောက်လုယက်သွားတာလည်း အခုအချိန်အထိ တရားခံမပေါ်ဘဲ သတင်းပျောက်နေဆဲပါ။
