MT News
၆. ၁၁. ၂၀၂၃

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းကို အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့ (၁ )မှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး မြို့ပြ၊ ရေသန့်၊ လျှပ်စစ်စသည်ဖြင့် အပိုင်းလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆေးရုံအဆောက်အဦဆိုင်ရာများကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် တည်ဆောက်ကြရန်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ညွှန်ကြားထားသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံသစ်ကြီး ပြီးစီးသွားပါက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကုန်အကျ သက်သာစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ရာ ပြည်သူများ အားကိုး အားထားပြုနိုင်သည့် ဆေးရုံကြီး ဖြစ်လာမည်ဖြစ် သည်။

Leave a Reply

Your email address will not be published. Required fields are marked *