၂၃. ၁၀. ၂၀၂၃

Written by Nyein Kyaw

ကမ္ဘာ့‌ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်း အနည်းအငယ်ကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးနှုန်း ယနေ့တွင် ကျပ်နှစ်သောင်းပြန်လည်ကျဆင်းခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၄၅၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။

အောက်တိုဘာ ၂၃ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ဒေါ်လာ ၁၉၈၀ ဖြစ်ပေါ်ခဲ့ပြီး သုံးရက်အတွင်း သုံးဒေါ်လာကျဆင်းခဲ့သည်။ ထို့အတူ ဒေါ်လာဈေးနှုန်းသည်လည်း ကျပ် ၃,၃၀၀ အောက်သို့ ကျဆင်းခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃,၂၈၀ သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ၏ ရည်ညွှန်းရွှေဈေးနှုန်းမှာလည်း ယခင်တစ်ပတ် ဈေးနှုန်းပိတ်ခဲ့သည့် အောက်တိုဘာ ၂၀ ရက်(သောကြာနေ့)တွင် ဖြစ်ပေါ်ခဲ့သည့် ကျပ် ၃,၀၉၆,၁၀၀ အတိုင်းသာ ယနေ့တွင်လည်း ပြန်လည်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ အောက်တိုဘာ ၂၀ တွင် ရွှေဈေးနှုန်း ၃,၄၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၂၀ ကျပ်၊ အောက်တိုဘာ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၄၇၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၀၀ ကျပ်၊ အောက်တိုဘာ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၃,၄၇၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *