၁၆.၁၀.၂၀၂၃

Written by Peya

စာမရ၍ဟုဆိုကာ အသက် ၇ နှစ်အရွယ် Grade-1 ကျောင်းသူကို ဆေးရုံတင်ရသည့်အထိ အပြင်းအထန်ဒဏ်ရာရအောင် ရိုက်နှက်ခဲ့သော ဆရာမကို SSA (ဝမ်ဟိုင်း) အဖွဲ့က ဖမ်းဆီးထားကြောင်း MT News သတင်းဌာနက စုံစမ်းထားသည့် အချက်အလက်များအရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြိုနယ်၊ ဟိုနမ့်ကျေးရွာ ရှိ အခြေခံပညာမူလတန်းတွင် ပညာသင်ကြားနေသော အသက် ၇ နှစ်အရွယ် Grade 1 ကျောင်းသူသည် ကျန်းမာရေး မကောင်းသည့်အတွက် သုံးရက်ခန့် ကျောင်းမသွားနိုင်ခဲ့ဘဲ အောက်တိုဘာ ၉ ရက်မှ နေကောင်းသည့်အတွက် ကျောင်းသွားခဲ့ရာ စာမေးပွဲနီးပြီ ဖြစ်သည့်အတွက် စာမေးရာတွင် မရသောကြောင့် ဆရာမက စိတ်တိုပြီး ခေါင်းကို တုတ်ဖြင့်ရိုက်ခြင်း၊ ကန်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် ခေါင်းမူးကာ အိမ်သို့ပင် မပြန်နိုင်တော့သည့်အတွက် အဖိုးဖြစ်သူက ကျောင်းသို့ လာခေါ်ခဲ့ရကာ အစာမစားဘဲ ခေါင်းမူးသည်ဟုသာ ပြောသည့်အတွက် ခိုလမ်မြို့ ကုတင် ၈၀ စစ်ဆေးရုံသို့ အောက်တိုဘာ ၁၀ ရက်တွင် တင်ခဲ့ရကာ စေတနာရှင်များက ကလေးငယ်အတွက် ငွေကြေးထောက်ပံ့မှုများကို ပြုလုပ်နေကြသည်။

This image has an empty alt attribute; its file name is 392932337_122127834860030934_1771959509928898439_n.jpg

“ဒေသခံတွေကတော့ ဆရာမကို ဖမ်းသွားတာ ကြားတယ်လို့ ပြောပါတယ်။ ကျွန်မကတော့ မြို့ပေါ်နေတာပါ။ (ဆရာမကို) ဖမ်းသွားပြီးလို့ ရပ်ဆွေရပ်မျိုးတွေက ပြောပါတယ်” ဟု ကလေးငယ်နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့က ဖမ်းသွားခြင်းဖြစ်ကြောင်း MT News သတင်းဌာနသို့ သတင်းရင်းမြစ်တစ်ဦးက ပြောကာ အခင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ဖမ်းသွားခြင်းဖြစ်ကြောင်းလည်း ၎င်းက အတည်ပြုပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *