၈. ၁၀. ၂၀၂၃

Written by Thettant

မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ဒီနေ့ကစပြီး အမြန်လမ်းတစ်လျှောက် ရေကြီးရေလျှံဖြစ်ပေါ်နေလို့ ယာဥ်ငယ်တွေ ဖြတ်သန်းဖို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မိုးရွာသွန်းမှုကြောင့် ပဲခူး-ရန်ကုန်ကားလမ်းရေကျော်နေသလို အမြန်လမ်း ၃၉ မိုင်က ဘုရားကြီးလမ်းခွဲလည်း ရေကျော်နေတာကြောင့် ကားလေးတွေ ဖြတ်သွားလို့မရတဲ့အခြေအနေဖြစ်နေတာပါ။

This image has an empty alt attribute; its file name is 386542758_122125375706030934_5043172244116895117_n.jpg

အမြန်လမ်း ၃၉ မိုင် ဘုရားကြီးပတ်လည်အပြင် တခြားနေရာတွေမှာလည်း ကားလမ်းရေကျော်တာရှိပေမဲ့ ၃၉ မိုင် ယာဥ်စစ်ဆေးရေးဂိတ်ပတ်လည်လောက် အခြေအနေမဆိုးဘူးလို့ သိရပါတယ်။

လက်ရှိအခြေအနေက ပဲခူးမြို့ပတ်လည် အမြန်လမ်းဝန်းကျင်မှာ ကားလမ်းရေကျော်နေသလို ပဲခူးမြစ်ကလည်း စိုးရိမ်ရေမှတ်အထက်မှာ ရှိနေတာပါ။

This image has an empty alt attribute; its file name is 386728799_122125375730030934_7161341001641594268_n.jpg

ဒီနေ့မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် (၄၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တာကြောင့် ပဲခူးမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

Photo MTK & Zaw Myo

Leave a Reply

Your email address will not be published. Required fields are marked *