၉. ၁၁. ၂၀၂၂

Written by Nay Moe

စစ်လေယာဉ်အဝယ်တော်ကုမ္ပဏီ Sky Aviator နှင့် ပိုင်ရှင်ဦးကျော်မင်းဦးကို အမေရိကန်က ပိတ်ဆို့အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ယနေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

မြန်မာ့စီးပွားရေးနယ်ပယ်တွင် ကာကွယ်ရေးကဏ္ဍအတွက် လုပ်ကိုင်ဆောင်ရွက်နေမှုကြောင့် Sky Aviator Company Limited နှင့် ၄င်း၏ ပိုင်ရှင်နှင့် ဒါရိုက်တာဖြစ်သည့် (ဦး)ကျော်မင်းဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူသတ်မှတ်ခြင်းကို ဆောင်ရွက်မည်ဖြစ်သည်။ (ဦး)ကျော်မင်းဦး၏ ဦးစီးမှုအောက်တွင် Sky Aviator သည် တပ်အတွက် စစ်လေယာဉ်အစိတ်အပိုင်းများကို တင်သွင်းပေးနေသည့် အဓိက အဝယ်အတော်လုပ်ငန်းတစ်ခုဖြစ်သည်။

ဖေဖော်ဝါရီ ၂၀၂၁ နောက်ပိုင်းတွင် Sky Aviator ကုမ္ပဏီသည် ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်များထံမှ လက်နက်ကုန်စည်များကို တစ်ကြိမ်မက လက်ခံရယူခဲ့သည်။ (ဦး)ကျော်မင်းဦးသည် နိုင်ငံခြားမှ စစ်အရာရှိများမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်၊ စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့တင်သွင်းရန်နှင့် တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များ အဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ခြင်းစသည့် ပံ့ပိုးမှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *