၂၀. ၉. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်၏ အာဏာထိန်းသိမ်းမှုခံရပြီးနောက် ဖမ်းဆီးစစ်ဆေးခံနေရသော NLD ပါတီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် မလေးရှားနိုင်ငံ၏ နိုင်ငံရေးအကွဲအပြဲအတွင်း နှစ်ဖက်စလုံးမှ ပါဝင်ကြသော မလေးရှားလွှတ်တော်အမတ် ၁၃၅ ဦးက စက်တင်ဘာလ ၁၉ ရက်တွင် တောင်းဆိုခဲ့ကြ သည်။

ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက မိခင်ဖြစ်သူ၏ ကျန်းမာရေးမှာဆိုးဝါးလာနေကြောင်း၊ အစားအသောက်ပင် ကောင်းစွာမစားနိုင်ဘဲ ဆရာဝန်တစ်ဦးဦးနှင့် ပြသရန်ကိုလည်း မြန်မာအစိုးရက ခွင့်မပြုကြောင်း ပြောကြားခဲ့ပြီးနောက် မလေးရှားအမတ်များက ထိုသို့တောင်းဆိုခဲ့ကြခြင်းလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ​မလေးရှားအာဏာရပါတီနှင့် အတိုက်အခံ နှစ်ဖက်စလုံးမှ လွှတ်တော်အမတ် ၂၂၂ ဦးတွင် ၁၃၅ ဦးက လက်မှတ်ရေးထိုး၍ ထိုတောင်းဆိုချက်ကို ထုတ်ပြန်ခဲ့ကြခြင်းဖြစ်‌ကြောင်း သိရသည်။

Ref, Malaysiakini

Leave a Reply

Your email address will not be published. Required fields are marked *

Related News