၁၂. ၉. ၂၀၂၃
Written by Nay Moe
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင် သမီးဖြစ်သူ ဆရာဝန်ကို ဆေးခန်းမှ ဆိုင်ကယ်ဖြင့်ကြိုပြီး ပြန်လာသည့် စံရွေးတန်းရပ်ကွက် အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်အား NUG ဩဇာခံ PDF အဖွဲ့ဖြစ်သော သာယာဝတီဂဠုန်တပ်ဖွဲ့ရ သေနတ်ဖြင့်သုံးချက် ပစ်ခတ်သ-တ်ဖြတ်လိုက်သည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီခန့်က သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် ၅၀ နှစ်ခန့်အရွယ် ဒေါ်သိမ့်သိမ့်လွင်သည် ခလရ ၃၅ တပ်ဝန်းဘေး တပ်ရှောင်လမ်းမပေါ်တွင် သမီးဖြစ်သူ ဆရာဝန်နှင့်အတူ ဆိုင်ကယ်စီးပြီးပြန်လာစဥ် ဂွေသာယာဝတီဂဠုန်တပ်ဖွဲ့ PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်၏ ဦးခေါင်းနှင့် ရင်ဘတ်တွင် သေနတ်ဒဏ်ရာ သုံးချက်ရရှိကာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က သာယာဝတီဂဠုန်တပ်ဖွဲ့ဝင် PDF များ ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားသည့် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၏ နေရာတွင် အစားဝင်ရောက်သူဖြစ်ပြီး သူမကိုလည်း သာယာဝတီဂဠုန်တပ်ဖွဲ့ကပင် သ-တ်ဖြတ်ခြင်းပြုကာ သမီးဖြစ်သူကိုမူ သ-တ်ဖြတ်ခဲ့ခြင်းမရှိဟု သိရသည်။
နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် ဩဂုတ်လအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၃၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်ဖြတ်မှုခံထားရသည်။
