လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော မျိုးဆက်သစ်ပရဟိတအသင်း(ရွှေပြည်သာ)၏ ယာဥ်နှင့် တိမ်းမှောက်မှုပုံရိပ်များ

MT News

Written by Tha Doe

ရွှေပြည်သာမှ မျိုးဆက်သစ်ပရဟိတအသင်း အလှူသို့အသွား နိုဝင်ဘာ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဥ်ပေါ်ပါ ၂၁ ဦးအား ဆေးရုံတင်ပို့ထားရကြောင်း MT News သတင်းဌာနက စုံစမ်းရရှိသော ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းသို့ လှုဒါန်းကူညီရန်ထွက်ခွာသွားသည့် ရွှေပြည်သာမှ မျိုးဆက်သစ်ပရဟိတအသင်းမှာ ဧရာဝတီတိုင်း ကျောင်းကုန်းနှင့် ပန်းတနော်ကြားဇရပ်ကွင်းအနီးတွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားကာ ယာဥ်ပေါ်ပါ ၂၁ ဦးအနက် အမျိုးသမီးတစ်ဦးကွယ်လွန်ခဲ့သည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။

” အခုတော့ ကျွန်တော်တို့ ကျောင်းကုန်းဆေးရုံကြီးကို လိုက်သွားနေပါတယ်။ ကျောင်းကုန်းဆေးရုံမှာ ၁၉ ယောက်တင်ထားရပြီး နှစ်ယောက်ကိုတော့ ပုသိမ်ဆေးရုံကြီးပို့ထားရတယ်လို့ပဲ သိရပါသေးတယ်” ဟု ယာဥ်တိမ်းမှောက်မှုဖြစ်ပွားသည့် မျိုးဆက်သစ်ပရဟိတအသင်းကို လိုက်ပါကူညီနေသည့် လှိုင်သာယာမြို့နယ်အခြေစိုက်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *