၉. ၉. ၂၀၂၃
Written by Pan Ei

ပြောင်မြောက်လှတဲ့ ပွဲဦးထွက်နဲ့အတူ အခုလက်ရှိ ကမ္ဘာ့နိုင်ငံအနှံ့မှာ ရေပန်းစားနေပြီး Netflix မှာ ကြည့်ရှုမှုနှုန်း အများဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့တဲ့ One Piece Live Action ဟာ နောက်ဆက်တွဲ Season 2 ထပ်မံထွက်ရှိနိုင်တယ်လို့ သိရပါတယ်။

One Piece Live Action Season 1 က အတော်လေးကို အောင်မြင်မှုတွေ ရရှိခဲ့တာကြောင့် ပရိသတ်တွေကလည်း Season ကို စောင့်မျှော်နေကြတာနဲ့အညီ “One Piece” ဇာတ်လမ်းတွဲ နောက်ကွယ်ကထုတ်လုပ်သူတွေက Season 2 အတွက် ဇာတ်ညွှန်းတွေ ‘အဆင်သင့်ဖြစ်ပြီ’ လို့ပြောကာ အပိုင်းလိုက် ရိုက်ကူးရေးထုတ်လုပ်ရေးကာလက ၁၂ လကနေ ၁၈ လအတွင်း ကြာမြင့်နိုင်တယ်လို့ပြောကြားခဲ့ပြီး ထုတ်လုပ်ရေးစတင်နိုင်ပြီး တစ်နှစ်အတွင်း “အဆင်သင့်” ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-09_10-32-46-2.jpg

ဒါပေမဲ့ အခုလက်ရှိမှာက ဟောလိဝုဒ်မှာ ဖြစ်ပွားနေတဲ့ ဇာတ်ညွှန်းရေးဆရာတွေနဲ့ မင်းသားတွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုတွေကြောင့် Season 2 ရိုက်ကူးရေးက ကြန့်ကြာနေနိုင်ပြီး ရိုက်ကူးရေးစတင်နိုင်တာနဲ့ လာမယ့်နှစ် အစောပိုင်းမှာ Season 2 ကို ပြသသွားနိုင်မှာဖြစ်တယ်လို့ “One Piece Live Action” ဇာတ်လမ်းတွဲကို Netflix နဲ့အတူ ထုတ်လုပ်ပြသခဲ့တဲ့ Tomorrow Studios ဥက္ကဋ္ဌ Becky Clements က ပြောကြားခဲ့တာပါ။

“One Piece” Season 2 ထွက်ရှိလာမယ့် အခြေအနေကို မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ Netflix က ပြန်လည်တုံ့ပြန်ခြင်းမရှိသေးပါဘူး။

နာမည်ကျော် One Piece Anime စီးရီးကို လူသားတွေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ One Piece Live Action ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့က ပွဲဦးထွက်ပြသခဲ့ပြီး ပြန်လည်သုံးသပ်မှုတွေစုစည်းထားတဲ့ Rotten Tomatoes မှာလည်း အပြုသဘောဆောင်တဲ့ အဆင့်သတ်မှတ်ချက်တွေကိုရရှိခဲ့တဲ့အပြင် Netflix မှာလည်း ကြည့်ရှုနှုန်းအများဆုံးစံချိန်တွေကိုရရှိခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-09_10-32-47-731x1024.jpg

အခုလက်ရှိမှာ One Piece Live Action ဇာတ်လမ်းတွဲအပြင် ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေဟာလည်း မြန်မာနိုင်ငံက ပရိသတ်တွေအကြားမှာ အတော်လေးကို ရေပန်းစားနေပြီး အဲ့ဒီစီးရီးထဲမှာ စုစုပေါင်း အပိုင်း ၈ ပိုင်း ပါဝင်ကာ Monkey D. Luffy အဖြစ် Inaki Godoy၊ Nami အဖြစ် Emily Rudd ၊ Zoro အဖြစ် Mackenyu Arata၊ Usopp အဖြစ် Jacob Romero Gibsonနဲ့ Sanji အဖြစ် Taz Skylar တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Ref; Variety

Leave a Reply

Your email address will not be published. Required fields are marked *