MT News

Written by Nay Moe

ယခုအစိုးရလက်ထက် တရားဝင်သတင်းဌာနအဖြစ်မှ ပိတ်သိမ်းခံထားရသည့် Myanmar Now သတင်းဌာနမှ ဓာတ်ပုံသတင်းထောက်စိုင်းဇော်သိုက် ဆိုသူမှာ ယနေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသည်ဟု Myanmar Now က ထုတ်ဖော်ပြောသည်။

စိုင်းဇော်သိုက်သည် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မေလ ၂၃ ရက်က ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၆ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့် ထောင်နှစ် ၂၀ ကျခံခဲ့ရသည်ဟု သိရသည်။

Myanmar Now သတင်းဌာနသည် စတင်တည်ထောင်စဥ်က Thomson Reuters ၏ သတင်းစုံစမ်းဖော်ထုတ်တင်ဆက်ရေး ရန်ပုံငွေဖြင့် လည်ပတ်ခဲ့ပြီးနောက် NLD အစိုးရဟောင်းလက်ထက်တွင် Thomson Reuters ၏ ထောက်ပံ့မှုရပ်ဆိုင်းသွား၍ သုံးလခန့် သတင်းဌာနလည်ပတ်နိုင်မှုမရှိခဲ့ရာမှ ယခင်အစိုးရဟောင်း၏ ပံ့ပိုးမှုများဖြင့် အစိုးရအဖွဲ့ဝင်အချင်းချင်းသတင်းများကို အထူးပြုဖော်ထုတ်ရေးသားခဲ့ကြပြီး ထိုအချိန်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနေရာ ဆက်ခံမည်ဟု ရေပန်းစားသူ ဦးရဲမင်းဦးကို အထူးတိုက်ခိုက်သည့်သတင်းများလည်း ထုတ်လုပ်ရေးသားဖော်ပြခဲ့သည်။

၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်အစတွင် သတင်းဌာနပိတ်သိမ်းခံရပြီးနောက် ပြည်ပသို့ ပြောင်းရွှေ့ကာ နိုင်ငံခြားအထောက်အပံ့များရယူရပ်တည်နေပြီး Exile Media အဖြစ်သို့ ပြောင်းလဲထားသော သတင်းဌာနဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *