MT News

Written by Nay Moe

ဗုံးမကြာခဏဖောက်ခွဲခံနေရသဖြင့် လုံခြုံရေးတင်းကျပ်လာသော စမ်းချောင်းမြို့နယ်မှ စွန့်ခွာထွက်ပြေးခဲ့ပြီဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အရေးပေါ်ကြေညာလိုက်သည်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ ကြေညာချက်တွင် ယင်းတို့၏ အဖွဲ့သားများအားလုံးသည် လခရ၏ ပစ်မှတ်ထားခြင်းခံရပြီး ဖမ်းဆီးရန်လုပ်ဆောင်နေမှုကြောင့် ရန်ကုန်မြို့ပေါ်တွင် ဘယ်လိုမှနေထိုင်၍မရသောကြောင့်လည်းကောင်း၊ လုံခြုံရေးအခြေအနေများအရလည်းကောင်း၊ အဖွဲ့သားများအားလုံး လွတ်မြောက်နယ်မြေသို့ အန္တရာယ်အသီးသီးကိုကျော်ဖြတ်ကာသွားရောက်ပြီး ရန်ကုန်မြို့ကိုစွန့်ခွာခဲ့ရသည်။ ယခုအခါ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအဖွဲ့သားများအားလုံးသည် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီး လုံခြုံဘေးကင်းစွာရှိနေပြီဖြစ်သည်ဟု ကြေညာထားသည်။

ရန်ကုန်မြို့ လုံခြုံရေးအရ အဆိုးဆုံးမြို့နယ်အဖြစ် သတ်မှတ်စာရင်းတွင် ပါဝင်ခံရသော စမ်းချောင်းမြို့နယ်၌ လခရအဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟုဆိုသော်လည်း ပြည်သူများသာ ထိခိုက်အသက်ဆုံးမှု လ ၂၀ ခန့်အကြာ၊ ဝါဆိုလပြည့်တွင် PDF က ဗုံးခွဲမှုကြောင့် မြေနီကုန်းတွင် ဗုံးပေါက်ကွဲပြီး သာမန်ပြည်သူ အမျိုးသမီးငယ်နှစ်ဦးသေဆုံးကာ သာမန်ပြည်သူ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် မြေနီကုန်းတွင်ပင် PDF(Sanchaung) က အောက်တိုဘာ ၂၈ ရက်တွင် ဗုံးနှစ်လုံးထပ်မံခွဲပြီး စျေးပွဲတော် မသွားရန် ပြည်သူများအား အမိန့်ပေးပြီးနောက် လုံခြုံရေးတင်းကျပ်မှု ပိုမိုမြင့်တက်လာသဖြင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှာ ရန်ကုန်မြို့အား စွန့်ခွာထွက်ပြေးခဲ့ရခြင်းလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *