ဓာတ်ပုံ-တွဲလက်ပရဟိတအသင်း

MT News

အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်ကို ဆက်ထားသည့် အောင်ဇေယျကြိုးတံတားပေါ်တွင် ယမန်နေ့နံက် ၁၀ နာရီဝန်းကျင်က YBS ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိကာ ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်းနှင့် တစ်ဦးသေဆုံးကြောင်း အဆိုပါဖြစ်စဉ်ကိုမြင်တွေ့သူများ၏ ကနဦးသတင်းများအရ သိရသည်။

YBS 61 နှင့် YBS 69 ယာဉ်လိုင်းတို့မှ ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦး၊ ဆေးရုံသို့ပို့ဆောင်ထားသူ ၇ ဦးနှင့် သေဆုံးသူတစ်ဦးရှိကြောင်း မျက်မြင်အချို့က MT News သို့​ပြောသည်။

“ကားချင်းမျက်နှာချင်းဆိုင်တိုက်တော့ လူညပ်နေတာ များတယ်”ဟု မျက်မြင်တစ်ဦးက ဆိုသည်။

အဆိုပါနေရာသို့ လူမှုကူညီရေးအသင်းများရောက်ရှိနေပြီး လူသေဆုံးမှုအပေါ် တစုံတရာအတည်ပြုချက်မရသေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *