၃. ၉. ၂၀၂၃

Written by Thettant

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ငွေကျပ် ၃၁၆၃ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ လင်းရောင်ခြည်လမ်းတွင် နော်မိုင်(ခ)အင်ခွန်နော် မောင်းနှင်လာသည့် မော်တော်ဆိုင် ကယ်နှင့် ရဲဇော်ဖြိုး(ခ)ရဲဇော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ နော်မိုင်(ခ)အင်ခွန်နော် မောင်းနှင်လာသည့် ဆိုင်ကယ်ခွကြားတွင် ၎င်းတို့သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၉၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၁၆၃ ဒသမ ၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် နော်မိုင်(ခ)အင်ခွန်နော်(၂၆)နှစ် နှင့် ရဲဇော်ဖြိုး(ခ)ရဲဇော်(၃၆)နှစ်တို့အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *