ဓာတ်ပုံ-ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း
MT News
Written by Thettant
တာချီလိတ်မြို့ လွယ်တော်ခမ်း သဘာဝတရားရိပ်သာအနီးတွင် ပုပ်ပွသေဆုံးနေသော ရဟန်းတစ်ပါး၏ ရုပ်အလောင်းအား နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်း ၁ နာရီ ၃၀ မိနစ်တွင် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံ တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု ‘လွယ်တော်ခမ်း သဘာ၀တရား ရိပ်သာ’ အနီး ဝါးရုံတောထဲတွင် အသက် (၅၀) ဝန်းကျင်ခန့် ရှိ ဘွဲ့အမည်မသိနေရပ်မသိ ပုပ်ပွသေဆုံးနေသော ရဟန်းတော် တစ်ပါးအား တွေ့ရှိထားကြောင်း သတင်းပေးပို့ အကူအညီတောင်းလာသဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းသို့ အကြောင်းကြားကာ တာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်ပြီးမီးသင်္ဂြိုလ်ခွင့် ရရှိသည်နှင့် ၎င်းပုပ်ပွသေဆုံးနေသော DB အား Coffin တစ်လုံးနှင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရဟန်းတော်၏ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက MT News သို့ ဖြေကြားပြီး ဦးလှမိုးအသင်းအကူအညီနှင့်ပင် ကျောက်တောင် မြို့မသုသာန်၌ ကောင်းမွန်စွာဖြင့် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။









