တင်ဆက်- Hey Mar / Pan Ei

ဒီတစ်ပတ် MT News ရဲ့ Entertainment အစီအစဥ်ကနေ ညွှန်းပေးချင်တဲ့ ရုပ်ရှင် Series ကတော့ The Crown Series ပါ။ ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မိသားစုအကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး လာမယ့် နိုဝင်ဘာမှာတော့ Netflix ကနေ Season-5 ကို ကြည့်ရှုရတော့မှာပါ။

၂၀၁၆ ခုနှစ်ကတည်းက ရိုက်ကူးထုတ်လွှင့်နေတဲ့ အဲဒီ စီးရီးမှာ Season-6 ခု ပါဝင်ပြီး အခု ပြသတော့မယ့် Season-5 ရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက ၁၉၉၀ ပြည့်နှစ်များအတွင်းက ‌ဗြိတိန်တော်ဝင်မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေပါ ။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဧပြီလ 9 ရက်နေ့မှာ မင်းသား Philip ကွယ်လွန်ခဲ့တာနဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ ဘုရင်မကြီး Elizabeth- II ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ထပ်မံထွက်ရှိလာမယ့် Series ရဲ့ ပထမဆုံး Season လည်းဖြစ်ပါတယ်။

မင်းသမီး Diana ရဲ့ ၁၉၉၅ ခုနှစ်က နာမည်ကျော် Panorama အင်တာဗျုးကို The Crown Season- 5 မှာဖော်ပြသွားမှာဖြစ်ပြီး Charles မင်းသားနဲ့ Camilla တို့အကြား အရှုပ်တော်ပုံ ဖုန်းခေါ်ဆိုမှုကိုပါ စီးရီးမှာ ထည့်သွင်းရိုက်ကူးပြသမှာမို့ အောက်တိုဘာ ၂၀ ရက်နေ့ ဇာတ်ကား Trailer ထုတ်လွှင့်ကတည်းက စိတ်ဝင်စားမှု ဝေဖန်တွေလည်း မြင့်တက်နေပါတယ်။

တော်ဝင်မိသားစုသမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အပိုင်းတစ်ခုဖြစ်ပြီး Charles မင်းသားရဲ့ ကယ်မီလာဆီ လျှို့ဝှက်ဖုန်းခေါ်ဆိုတာကို ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းကတော့ ဝေဖန်မှုမြင့်တက်ခဲ့သလို လူစိတ်ဝင်စားမှု အများဆုံးလည်း ဖြစ်ပါတယ်။

ဒီ Series ကို Netflix က Promotion မဆင်းပေးပေမဲ့လည်း Trailer ကတော့ ၂၄ နာရီအတွင်း ၃ သန်းအထိ ကြည့်ရှုနှုန်းရှိခဲ့တယ်လို့လည်း The Crown Myanmar page ကနေ သိရပါတယ်။

The Crown Season-5 ကို နိုဝင်ဘာ ၉ ရက်နေ့မှာ ထုတ်လွှင့်ပြသမှာဖြစ်လို့လည်း MT News ပရိတ်သတ်တွေ စောင့်မျှော်ကြည့်ရှုနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *