၂၆. ၈. ၂၀၂၃
Written by Pan Ei

ကိုရီးယားပေါ့ဂီတ (K-pop) ဆိုတာ ထူးခြားတဲ့ ဂီတ၊ ဖက်ရှင်နဲ့ အကတို့ ရောစပ်ထားတာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေပြီး မကြာသေးမီနှစ်တွေအတွင်း အဖွဲ့တွေတော်တော်များများမှာ နိုင်ငံခြားအဖွဲ့ဝင်တွေ ပေါင်းထည့်ပြီးတော့ ဖွဲ့စည်းလာခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုရီးယားလုံးဝမဟုတ်တဲ့ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လည်းရှိပြီး ထူးခြားတဲ့ပုံစံတွေနဲ့ ယဉ်ကျေးမှုနောက်ခံတွေကြောင့် ပရိသတ်တွေရော ဝေဖန်မှုတွေပါရရှိခဲ့ကာ ကျော်ကြားလျက်ရှိနေပါတယ်။

အဲ့ဒီအဖွဲ့ကတော့ Blackswan လို့အမည်ရတဲ့ တောင်ကိုရီးယား အမျိုးသမီးအဆိုရှင်အဖွဲ့ဖြစ်ပြီး DR Music ကုမ္ပဏီလက်အောက်ကနေ ပွဲဦးထွက်ခဲ့တာပါ။ Blackswan မှာ ကမ္ဘာ့နိုင်ငံအသီးသီးက အဖွဲ့ဝင် ၄ ယောက်ရှိပြီး သူတို့မှာ ဘရာဇီးနိုင်ငံက Gabi၊ အမေရိကန်က Nvee၊ အိန္ဒိယက Sriya၊ ဆီနီဂေါမှာမွေးပြီး ခုလက်ရှိမှာ ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်တဲ့ Fatou တို့ပဲဖြစ်ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-26_15-07-55-1024x770.jpg

K-pop အဆိုတော် အလုပ်ဟာ Blackswan အဖွဲ့အတွက် ခက်ခဲကြမ်းတမ်းတဲ့လမ်းဖြစ်ခဲ့ပြီး သီချင်းဆိုတာ၊ ကတာ၊ ရက်ပ်ရွတ်တာနဲ့ အခြားအရာတွေမှာ အဆုံးမသတ်နိုင်တဲ့ အစမ်းလေ့ကျင့်မှုတွေလုပ်ခဲ့ရပြီး နိုင်ငံခြားသားတွေအတွက် ခက်ခဲလှတဲ့ဘာသာစကားဖြစ်တဲ့ ကိုရီးယားဘာသာစကားကိုလည်း အကြိတ်အနယ် သင်ယူခဲ့ရတယ်လို့ အဖွဲ့ဝင် Fatou က ပြောကြားခဲ့ပါတယ်။

အရင်ကလည်း ကိုရီးယားလူမျိုးမပါတဲ့ အဖွဲ့တွေ K-pop နယ်ပယ်မှာ ရှိခဲ့ဖူးပေမဲ့ Blackswan မှာတော့ ကိုရီးယားလူမျိုးလုံးဝမပါတဲ့အပြင် ကိုရီးယားရဲ့ အလှအပစံနှုန်းနဲ့ ကွာခြားတဲ့ လူမည်းအဖွဲ့ဝင်တွေပါ ပါဝင်တာကြောင့် Blackswan အဖွဲ့က ကနဦးဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ Blackswan အဖွဲ့က “ကျွန်မတို့က ကိုရီးယားစကားပြောပြီး K-pop အဖွဲ့တွေမှာရှိတဲ့ အရာတိုင်း ကျွန်မတို့မှာ ရှိတယ်” လို့ ပြောကြားခဲ့ကာ သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ ဖျော်ဖြေမှုတွေကြောင့် K-pop လောကထဲမှာ နေရာတစ်နေရာကို ရရှိနေပြီပဲဖြစ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News