၂၅. ၈. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီး အဆိုရှင်အဖွဲ့ Blackpink နဲ့ နာမည်ကျော် ဒိတ်ဒိတ်ကြဲ အဆိုရှင်တွေဖြစ်ကြတဲ့ Miley Cyrus၊ Selena Gomez နဲ့ Ariana Grande တို့ဟာဆိုရင် သီချင်းသစ်တွေကို ဒီနေ့မှာ ထုတ်လွှင့်ခဲ့ကြပြီပဲ ဖြစ်ပါတယ်။

ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ Miley Cyrus၊ Selena Gomez၊ Ariana Grande နဲ့ Blackpink တို့ရဲ့ သီချင်းသစ်တွေကို ပရိသတ်တွေက စောင့်မျှော်နေကြပြီး သူတို့အကုန်လုံးဟာ သီချင်းသစ်တွေကို တစ်ရက်ထဲမှာပဲ တစ်ပြိုင်နက် ထွက်ခဲ့ကြတာကြောင့် ပိုပြီးတော့ကို ထူးခြားနေခဲ့တာပါ။

ဒီနေ့ထွက်ခဲ့တဲ့ သီချင်းသစ်တွေကတော့ Miley Cyrus ရဲ့ ငယ်ဘဝကို ဖော်ကျူးထားတယ်ဆိုတဲ့ “Used to be Young”၊ Selena Gomez ရဲ့နွေရာသီအဆုံးသတ်ကို ပျော်ပျော်ပါးပါး သီချင်းလေးနဲ့ တင်ဆက်ပေးမယ်ဆိုတဲ့ “Single Soon”၊ Ariana Grande ရဲ့ ပွဲဦးထွက် အယ်လ်ဘမ် ဆယ်နှစ်ပြည့်အထိမ်းအမှတ်အတွက် ပြန်လည်ဆန်းသစ်ထားတဲ့ ဒီဂျစ်တယ်ဖြန့်ချိမှု “Yours Truly( Deluxe)” ၊ Blackpink ရဲ့ မိုဘိုင်းဂိမ်း Blackpink: The Game ရဲ့ မူရင်းတေးသီချင်း ” The Girls” တို့ပဲ ဖြစ်ကြပါတယ်။

ပရိသတ်အချစ်တော်တွေရဲ့ တေးသီချင်းတွေကို တဝကြီး နားဆင်နိုင်တော့မှာဖြစ်လို့ ဒီနေ့( ဩဂုတ်လ ၂၅ ရက်) ဟာဆိုရင်တော့ နိုင်ငံတကာ တေးသီချင်းချစ်သူ ပရိသတ်တွေအတွက် ထူးခြားတဲ့ နေ့တစ်နေ့ဖြစ်စေမှာ အသေအချာပါပဲ။

Ref; Twitter

Leave a Reply

Your email address will not be published. Required fields are marked *

Related News