၁၈. ၈. ၂၀၂၃
Written by Nyein Kyaw

ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) အား အဆင့်မြှင်တင်မှုများ ဆောင်ရွက်သွားမည်ဖြစ်၍ ကုမ္ပဏီများ၏ နှစ်စဉ်အစီရင်ခံစာများကို ကြိုတင်တင်ပြရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာ (DICA) မှ ကြေညာထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ စတင်အာဏာတည်ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) အား စတင်အသုံးပြုလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် MyCO စနစ်အား အဆင့်မြှင်တင်မှုများ ဆောင်ရွက်သွားမည်ဖြစ်၍ အသုံးပြုသူများအနေဖြင့် အဆိုပါနေ့ရက်များတွင် MyCO စနစ်အား ဝင်ရောက်အသုံးပြုရာတွင် ယာယီဝင်ရောက်၍ မရသည့်အခြေအနေများ ကြုံတွေ့နိုင်ကြောင်း အသိပေးထားသည်။

သို့ဖြစ်ပါ၍ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နှစ်စဉ်အစီရင်ခံစာ နောက်ဆုံးတင်ပြရန်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါနေ့ရက်များမတိုင်မီ ကြိုတင်တင်ပြထားနိုင်ရန် အသိပေးတိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *