MT News

Hey Mar

ဆူးလေ- ထောက်ကြံ့ YBS ၃၇ ယာဥ်ပေါ်မှာ ယမန်နေ့ ရုံးဆင်းချိန် အကျော် ညနေ ၆ နာရီခွဲ ဝန်းကျင်မှာ အမျိုးသားတစ်ဦးရဲ့ ဖုန်း ခါးပိုက်နှိုက်ခံရတာကို ရှာဖွေနေတဲ့ ဖြစ်စဥ်မြင်ကွင်းပါ။

ဆူးလေကနေ တက်လာတဲ့ အမျိုးသားက ၃၇ ဂိတ်ရင်းကနေ ကားပြန်အထွက် လသာကားဂိတ်နားအရောက်မှာ ဖုန်းပါသွားလို့ပါ ဆိုပြီး အော်သံနဲ့အတူ ယာဥ်မောင်းက ရှေ့နောက်တံခါးပိတ်ပြီး ဖုန်းအနှိုက်ခံရတဲ့ နစ်နာသူကို ယာဥ်ပေါ်ပါခရီးတွေရဲ့ အိတ်တွေကို ရှာဖွေစေတာပါ ။

ဂိတ်ရင်းမှာတော့ ခရီးသည်တချို့ ဆင်းတာ တက်တာ ရှိပေမယ့် အဲဒီတောက်လျောက် လသာ ကားဂိတ်မရောက်ခင်အထိ ကားက မရပ်ပါဘူး။ ဆူးလေ မှတ်တိုင်က အတက်အဆင်းမှာတော့ လူတစ်ချက် ရှုပ်ပြီး အဲ​ဒီနေရာကနေ ကားစောင့်စီးသူတွေက နေရာရရှိရေးအတွက် အတင်းတိုးဝှေ့ တက်ရတာတော့ ရှိပါတယ်။

ည အချိန်လည်း ဖြစ် ခရီးသည်တွေရဲ့ အချိန်ကို ငဲ့ကွက်ပြီး ပျောက်ဆုံးသူကိုယ်တိုင်က စခန်းကို မမောင်းဘဲ ရှာမယ်ဆိုလို့ ရှာဖွေပေးနေကြပေမဲ့ ဖုန်းကတော့ ပြန်မတွေ့ပါဘူး။ တခြားဖုန်းနဲ့ခေါ်ဆိုရာမှာလည်း စက်ပိတ်ထားပါတယ်လို့ပဲ ဖြေကြားနေတာပါ။

အခုလို ဖြစ်စဥ်တွေက YBS ကားတွေပေါ် နေ့စဥ် လိုလိုကို မြင်တွေ့ကြားနေကြသလိုတောင်ဖြစ်နေတာမို့ နေ့စဥ် YBS စီး ပြည်သူ ၁ ဒသမ ၃ သန်းကျော်ဟာ ကူညီကယ်မသူမရှိတဲ့ ခါးပိုက်နှိုက်အန္တရာယ်ကို ရင်စည်းခံနေရတာလည်း ကြာပါပြီ ပြောရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *