၁၃. ၈. ၂၀၂၃
Written by Nyein Kyaw

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေတင်ဆက်မှုကို ဩဂုတ်လ ၁၃ ရက်တွင် ရန်ကင်းမြို့နယ်၊ မြဝတီမီဒီယာစင်တာရှိ Theatre ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊  ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် အနုပညာရပ်ဝန်းအသီးသီးမှ နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

ဖျော်ဖြေပွဲအခမ်းအနားကို အခမ်းအနားမှူးက နိုင်ငံတကာသံစုံတီးဝိုင်းများနှင့် နိုင်ငံတော်သံစုံတီးဝိုင်းအကြောင်းအရာ အကျဉ်းအား ရှင်းလင်းတင်ပြမှုနှင့် နိုင်ငံတော်သံစုံတီးဝိုင်းနှင့် တူရိယာများဆိုင်ရာ Annimation Video Clip ကို တင်ဆက်ပြသခဲ့ပြီးနောက် နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကိုတီးမှုတ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မတ်တပ်ရပ်အလေးပြုကြသည်။

This image has an empty alt attribute; its file name is photo_2023-08-13_21-05-35-1024x682.jpg

ဆက်လက်ပြီး ASEAN Anthem သံစဉ်နှင့် နိုင်ငံတော်သံစုံတီးဝိုင်း၏ ပဏာမတေးသွား(MNSO Overture) တို့ကိုလည်းကောင်း၊ တူရိယာအမျိုးအစားများအလိုက် တီးမှုတ်တင်ဆက်၍လည်းကောင်း နိုင်ငံတော်သံစုံတီးဝိုင်း အဖွဲ့သားများက ဖျော်ဖြေတင်ဆက်ကြသည်။

နိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ တွဲဖက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များ၊ နိုင်ငံကျော် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များက မြန်မာသံစဉ်များ၊ ခေတ်ပေါ်သံစဉ်များနှင့် နိုင်ငံတကာ ကမ္ဘာကျော်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

This image has an empty alt attribute; its file name is photo_2023-08-13_21-05-35-3-1024x682.jpg

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် SACဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေရေးအဖွဲ့နှင့် ပြင်ပအဆိုရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်သံစုံ တီးဝိုင်းဖျော်ဖြေရေးအဖွဲ့သူ၊ အဖွဲ့သားများနှင့် တက်ရောက်လာကြသည့် နိုင်ငံကျော်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *