၁၁.၈.၂၀၂၃
Written by Min Mahar

ပ.က.ဖ(ခမ်းပတ်)နှင့် မဟာမိတ်အဖွဲ့အစည်းများအပေါ် ပြစ်တင်ပြောဆိုသည့်သူများကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ ထပ်မံပြောဆိုပါက အမှုပေါ်မူတည်ကာ ကြိမ်ဒဏ်မှ ပစ်သ-တ်သည်အထိ ပြုလုပ်သွားမည်ဟု ပ.က.ဖ(ခမ်းပတ်)အဖွဲ့မှ ယမန်နေ့(ဩဂုတ်လ ၁၀ ရက်နေ့)ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်ကို လူမှုကွန်ယက်ပေါ်တွင် တွေ့ရသည်။

” ပ.က.ဖ(ခမ်းပတ်)နဲ့ မဟာမိတ်အဖွဲ့တွေကို အပြစ်ပြောနေလို့ဆိုပြီး အဲ့အဖွဲ့ကနေပြီးတော့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာကို တွေ့လိုက်တယ်။ အဲ့ကြေညာချက်မှာ ထပ်ပြောနေကြမယ်ဆိုရင် ပြောတဲ့အမှုအပေါ်မှာမူတည်ပြီး ကြိမ်ဒဏ်ကနေ သေဒဏ်အထိပေးသွားမယ်လို့ ရေးထားတာတွေ့တော့ သူတို့က အာဏာရှင်ကိုမလိုလားလိုဆိုပြီး တော်လှန်တယ်လို့ ကြွေးကြော်နေကြပြီး သူတို့ကိုယ်တိုင်ကိုက အာဏာရှင်ဆန်ဆန်ပြောဆိုပြုမူလုပ်ဆောင်နေတာကို နေရာတော်တော်များများမှာ တွေ့နေ မြင်နေ ကြားနေရတယ်။ သူတို့မကြိုက်တဲ့ အဖွဲ့က အစိုးရလုပ်လို တော်လှန်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူတစ်လူ ငါတစ်မင်း လုပ်နေကြတယ်။ CDM မလုပ်တဲ့ သူတွေကို လိုက်သ-တ်နေကြတယ်။ ငါနဲ့မတူ ငါ့ရန်သူလိုသဘောထားပြီး လက်နက်မဲ့ပြည်သူတွေ ဝန်ထမ်းတွေကို ကြက်သ-တ် ငှက်သ-တ်သလို သ-တ်ဖြတ်တာတွေ နေ့စဉ်နဲ့အမျှ မြင်နေကြားနေရတယ်။ သူတို့မကြိုက်တဲ့အစိုးရဆိုပြီး ပြစ်တင်ပြောဆိုတယ်။ စစ်တပ်က လက်နက်ရှိလို လုပ်ချင်သလိုလုပ်တယ်ဆိုပြီး သူတို့ပဲပြောခဲ့ပြီး အခုကြတော့ သူတို့ပြောခဲ့တဲ့အတိုင်း သူတို့ပဲပြန်လုပ်ပြီး ကျူးလွန်နေကြတယ်။ အခုထုတ်ပြန်ချက်တွေက သက်သေပဲ သူတို့လက်ထဲလည်းသေနတ်ရှိလာတော့ ဘယ်လောက် အာဏာရှင်ဆန်လည်းဆိုတော့ သူတို့ကိုအပြစ်တောင် အပြောမခံဘူး ပြောတာနဲ့ပြောတဲ့သူကို သ-တ်မယ်လို့ တရားဝင် ခြိမ်းခြောက်ပြောဆိုတာနဲ့တူတူပဲ” ဟု အမည်မဖော်လိုသော နိုင်ငံရေးလေ့လာသူတစ်ဦးက MT News သတင်းဌာနသို့ ထုတ်ပြန်ချက်အပေါ် ၎င်း၏သုံးသပ်ချက်အမြင်ကို ယခုလိုပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် ပ.က.ဖ(ခမ်းပတ်)နှင့် ၎င်းတို့ မဟာမိတ်အဖွဲ့အစည်းများကို အပြစ်တင်စော်ကားတိုက်ခိုက်နေသည့် စကားများ ထွက်ပေါ်လာသည်ကို ၎င်းတို့အဖွဲ့က သိရပြီး မဟုတ်မမှန်စွပ်စွဲ၍ အဖွဲ့အစည်း ဂုဏ်သိက္ခာနှင့်ပုံရိပ်ကျဆင်းအောင်လုပ်နေကြသည့် လူတစ်ဦးချင်းစီတိုင်း မိမိပြောဆိုသည့်စကားအပေါ် တာဝန်ယူရမည်ဖြစ်ကာ ယခုထုတ်ပြန်ချက်ကြေညာပြီးချိန်မှစတင်၍ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျဆင်းအောင် ထပ်မံပြောဆိုနေပါက ပြောဆိုသည့် လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းကို ပြစ်မှုအကြီးအသေးပေါ်မူတည်ပြီး ကြိမ်ဒဏ်မှသည် ပစ်ခတ်ရှင်းလင်းသည်အထိလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *