ရေအဆိပ်သင့်ခြင်းကြောင့် မသေဆုံးမီ မိသားစုနဲ့ အပန်းဖြေ ခရီးထွက်နေခဲ့တဲ့ Ashley Summers ကိုတွေ့ရစဉ်

၁၀. ၈. ၂၀၂၃
Written by Pan Ei

မကြာသေးမီက အသက် ၃၅ နှစ်အရွယ် အမေရိကန် အမျိုးသမီးတစ်ဦးဟာ မိသားစုနှင့်အတူ အပန်းဖြေ ခရီးထွက်နေစဉ်အတွင်း ရေအသောက်လွန်ပြီး ရေအဆိပ်သင့်ကာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Ashley Summers လို့ အမည်ရတဲ့ အမျိုးသမီးဟာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မှာရှိတဲ့ Lake Freeman မှာ မိသားစုနှင့်အတူ ပြီးခဲ့တဲ့ သီတင်းပတ်က အပန်းဖြေခရီးထွက်စဉ် ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် ရေဓာတ်ခမ်းခြောက်သလို ခံစားရခဲ့ရပြီး သူမဟာ ရေ နှစ်လီတာလောက်ကို မိနစ် ၂၀ အတွင်း သောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမအိမ်ပြန်ရောက်တဲ့အခါ ပြင်းထန်တဲ့ ဦးနှောက် ရောင်ရမ်းခြင်းဝေဒနာကို ခံစားခဲ့ရကာ ကားဂိုဒေါင်ထဲမှာပဲ လဲကျသွားခဲ့ပြီး သတိပြန်မရတော့ဘူးလို့ သိရပါတယ်။

ဆေးရုံရောက်တော့ ဆရာဝန်တွေက သူမဟာ ရေအဆိပ်သင့်ခြင်း (hyponatremia) လို့ခေါ်တဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်အလွန်အကျွံများပြားခြင်းနဲ့ ဆိုဒီယမ် မလုံလောက်ခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အချိန်တိုအတွင်း ရေအလွန်အကျွံသောက်တာက ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ကို လျော့နည်းသွားစေနိုင်ပြီး ရေအဆိပ်သင့်တာဖြစ်စေနိုင်သလို ရေအဆိပ်သင့်ရင်တော့ အများအားဖြင့် ကြွက်သားတွေ ကြွက်တက်ပြီး နာကျင်တာတွေ၊ ပျို့အန်တာတွေ၊ ခေါင်းကိုက်တာတွေနဲ့ နေထိုင်မကောင်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

တန်ဆေး လွန်ဘေး ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ရေသောက်တယ်ဆိုတာ ခန္ဓာကိုယ်အတွက် ရေဓာတ် ပြည့်တင်းနိုင်ဖို့ မဖြစ်မနေလိုအပ်သလို အချိန်တိုအတွင်း လိုတာထပ်ပိုသောက်မိရင်လည်း ဘေးဖြစ်စေတယ်ဆိုတာ သတိပြုစရာပါပဲ။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *

Related News