ချောကလက်ရေခဲမုန့်ကို ဝန်ဆောင်မှုပေးတဲ့ ပုံစံကြောင့် အွန်လိုင်းပေါ်မှာ ဝေဖန်မှုများစွာ ရရှိနေတဲ့ အစ္စရေးနိုင်ငံက နာမည်ကြီးစားသောက်ဆိုင်

၉. ၈. ၂၀၂၃
Written by Pan Ei

အခုခေတ်မှာ အွန်လိုင်းပေါ်မှာရော အပြင်လောကမှာပါ လူတွေရဲ့ အာရုံစိုက်မှုများစွာရရှိနိုင်ဖို့ နိုင်ငံအသီးသီးက စားသောက်ဆိုင်တွေက အစားအစာမီနူးသစ်တွေကို တီထွင်ဆန်းသစ်တာ အတော်လေးကို များပြားလာခဲ့ပါတယ်။

အခုတစ်ခါဆိုရင်လည်း အစ္စရေးနိုင်ငံ၊ ဟိုလွန်မြို့က နာမည်ကြီး စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ Gordos က နောက်ဆုံးထွက် အချိုပွဲမီနူးဖြစ်တဲ့ ချောကလက်ရေခဲမုန့်ဟာဆိုရင် ဝန်ဆောင်မှုပေးတဲ့ အပြင်အဆင်ကြောင့် ဘယ်လောက်ပဲ ချောကလက် ရေခဲမုန့်ကြိုက်တဲ့သူဖြစ်ဖြစ် စားဖို့လက်တွန့်သွားစေမှာတော့ အသေအချာပါပဲ။

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ Gordos က ပုံမှန်မဟုတ်တဲ့ ချောကလက်ရေခဲမုန့်ဟာ အိမ်သာခွက်ထဲမှာ ထည့်ကာ ဝန်ဆောင်မှုပေးတာဖြစ်ပြီး ပြင်ဆင်ထားတဲ့ပုံစံကြောင့်လည်း ရေခဲမုန့်ကိုစားမယ်ဆိုရင် အရင်ဆုံး ရွံ့ရှာတဲ့စိတ်ကို ကျော်လွှားနိုင်ဖို့ လိုပါလိမ့်မယ်။

This image has an empty alt attribute; its file name is photo_2023-08-09_10-37-22-728x1024.jpg

အရင်ကတည်းက အိမ်သာပန်းကန်လုံးသေးသေးလေးတွေထဲမှာ ချောကလက်ရေခဲမုန့်ကို ထည့်ကာ တည်ခင်းဧည့်ခံတဲ့ ဆိုင်တွေရှိခဲ့ပေမဲ့ Gordos ရဲ့ ရေခဲမုန့်ကတော့ အိမ်သာခွက်ထဲ ထည့်ထားတဲ့ ပေကျံနေတဲ့ အပြင်အဆင်ကြောင့် လူတွေအကြား ပိုပြောစရာဖြစ်နေစေခဲ့တာပါ။

Gordos စားသောက်ဆိုင်ကတီထွင်ထားတဲ့ အဲ့ဒီရေခဲမုန့်ရဲ့ နာမည်ကြောင့်လည်း ဆိုင်က ဘာသာရေးပိုင်းအရပါ ဝေဖန်ခံရမှုတွေ ရှိနေပြီး အင်စတာဂရမ်မှာ တင်ထားတဲ့ ဆိုင်ရဲ့ ကြော်ငြာပို့စ်အောက်မှာတော့ ဝေဖန်မှတ်ချက်ပေးသူတွေများစွာရှိနေသလို ဒေဝါလီ ခံရနိုင်တယ်လို့ မှတ်ချက်ပြုသူတွေလည်း ရှိပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *

Related News