၇. ၈. ၂၀၂၃

Photo by Ye Kyaw

ဩဂုတ် ၇ ရက်(ယနေ့) နံနက် ၁၀ နာရီမှစတင်ပြီး ဆန်ကုန်စည်ဒိုင်များမှတစ်ဆင့် မှတ်ပုံတင်တစ်ခုကို ဆန်ချောနှင့်ဆန်ကြမ်း တစ်အိတ်စီ စျေးသက်သာစွာ ရောင်းပေးမည်ဖြစ်သည်။

ဆန်ရောင်းချပေးမည့် ကုန်စည်ဒိုင်များမှာ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတို့ဖြစ်ကြောင်း ‌ထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is 366183459_156351390815677_4490893356068700598_n-1.jpg

တစ်ဦးချင်းဝယ်ယူသူများအတွက် မှတ်ပုံတင်တစ်ခုကို ဆန်ချော‌ ပေါ်ဆန်းတစ်အိတ်နှင့် ဧည့်မထဆန်တစ်အိတ် စုစုပေါင်းနှစ်အိတ် ရောင်းချပေးမည်ဖြစ်သည်။ ထို့ပြင် လက်လီအရောင်းဆိုင်များမှ ဝယ်ယူလိုသူများအနေဖြင့် ဆန်စပါးအသင်းချုပ်နှင့် ဆန်ကုန်စည်ဒိုင်များသို့ လျှောက်လွှာတင် ဝယ်ယူနိုင်ပြီး တာဝန်ရှိသူများက အမှန်တကယ်ရောင်းချခြင်းရှိမရှိ သွားရောက်စိစစ်ဆေး၍ မှန်ကန်မှုရှိပါက ရောင်းချပေးသွားမည်ဖြစ်သည်။

ယင်းကဲ့သို့ ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *