၅. ၈. ၂၀၂၃
Written by Peya
မြန်မာနိုင်ငံတွင် လူစိတ်ဝင်စားမှုများပြားပြီး ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သော တောင်ပြုံးပွဲကို ဩဂုတ်လ ဒုတိယအပတ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း တောင်ပြုံးကျေးရွာ၏ ပွဲတော်ကျင်းပရေး ကော်မတီက ပွဲရက်ကို ကြေညာ အသိပေးထားသည်။
အဆိုပါ ပွဲတော်ကို ၉ ရက် သို့မဟုတ် ၈ ရက် ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံ အနှံ့အပြားမှ ခရီးသွားများ လာရောက်လေ့ရှိသော ပွဲတော်တစ်ခုဖြစ်ကာ နှစ်စဉ် သိန်းနှင့် ချီသော လူပရိသတ်များတက်ရောက်လေ့ ရှိသောကြောင့် လူအများအပြား လာရောက်သော ပွဲတော်ကြီးတစ်ခုလည်း ဖြစ်သည်။
သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့် ၊ ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက် မှ ၁၅ ရက်၊ ဩဂုတ်လ ၂၄ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီက အသိပေးထားခြင်းဖြစ်ကာ ရိုးရာဓလေ့ ကိုးကွယ်သူများအနေဖြင့် သွားရောက်ရန် ပြင်ဆင်နေကြပြီလည်း ဖြစ်သည်။
အဆိုပါပွဲတော်တွင် ပါဝင်သော ပွဲ အစီစဉ်များမှာ ကန်တော့ခံပွဲ ၊ ညီလာခံပွဲ၊ ချိုးရေတော်သုံးပွဲ၊ နန်းတက်ပွဲ၊ ယုန်ထိုးပွဲ၊ ထိမ်ခုတ်ပွဲ ၊ ပခန်းမင်းပို့ပွဲ နှင့် ရွှေဘုံဆင်းပွဲ့တို့ပါဝင်ကာ မြန်မာနိုင်ငံ အနှံ့အပြားက ကန္နားစီးများ စုပေါင်းပါဝင်ကြသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။

