MT News

Written by Nay Moe

NLD ပါတီရဲ့ ၂၀၁၅ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ မဲမသမာမှုကြောင့် ပျက်ပြယ်သွားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထားဝယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရဖူးတဲ့ ဦးအောင်ဝင်းဟာ ဩဂုတ် ၃ ရက်မှ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

ဦးအောင်ဝင်းဟာ NLD ပါတီက ၂၀၁၅ နဲ့ ၂၀၂၀ အမျိုးသားလွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရချိန်မှာ ပြည်သူ့အတွက် အဆိုမတင်လို့ ဆန္ဒပြခံရဖူးပြီး တိုင်းဒေသကြီးအမတ်အဖြစ် ၂၀၂၀ အတွက် မရွေးချယ်ဖို့လှုံ့ဆော်ခံရပေမဲ့လည်း အနိုင်ရခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ခန့်ရှိပြီဖြစ်တဲ့ ဦးအောင်ဝင်းဟာ တိမ်းရှောင်နေရင်း ရဟန်းဝတ်နဲ့ကွယ်လွန်ခဲ့တာဖြစ်သလို ပါးစောင်ကင်ဆာနောက်ဆုံးအဆင့်နဲ့ဆုံးပါးခဲ့တာလို့လည်း သိရပါတယ်။

NLD အစိုးရလက်ထက် တနင်္သာရီတိုင်း စိုက်ပျိုးရေးဝန်ကြီးဖြစ်ဖူးသူ ဦးမြင့်စန်းဟာလည်း အခုနှစ် မေလ ၁၇ ရက်က သရက်ရွက်ကင်ဆာနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကွယ်လွန်ခဲ့ပြီးနောက်မှာ ပါးစောင်ကင်ဆာနဲ့ကွယ်လွန်တဲ့ဦးအောင်ဝင်းဟာ တနင်္သာရီတိုင်းက NLD အမတ်ဟောင်းတွေထဲ ဒုတိယမြောက်ကွယ်လွန်သူဖြစ်လာတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *