MT News

Written By A Thaung

ကိုရီးယားနိုင်ငံထုတ် KIA ကားသစ်များအား တင်သွင်းတပ်ဆင်ဖြန့်ဖြူးရောင်းချနေသည့် KIA Myanmar မှ ယခင်ကရောင်းချခဲ့သည့် ကားအမျိုးအစား ၇ မျိုးကို Pre-Order စတင်လက်ခံနေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အရောင်းတာဝန်ခံတစ်ဦးက MT News ကိုပြောသည်။

ယခု Pre-Order လက်ခံသည့် ကားအမျိုးအစား ၇ မျိုးတွင် SORENTO၊ SPORTEGE၊ RIO၊ CARENS၊ K5၊ SOLUTO နှင့် CERATO တို့ဖြစ်ပြီး PICANTO မပါဝင်ကြောင်း ၎င်းကပြောသည်။

“အခုဟာက ကျွန်တော်တို့ကိုပြောထားတာကတော့ နောက်နှစ် နှစ်လပိုင်းလောက်ကျရင်တော့ ကားတွေရောက်ရှိနိုင်တယ်ပေါ့။ အခုလတ်တလောကတော့ နံပါတ်ထွက်ပြီးသားကားတွေ ကျွန်တော်တို့ဆီမှာရှိတယ်။ အဲဒါတွေကို ရောင်းနေပါတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အပတ်အတွင်း KIA Myanmar အနေဖြင့် ကားသစ်အရောင်းရပ်ထားပြီး ယခုအခါတွင် ပြည်ပမှထပ်မံတင်သွင်းမည့် ကားသစ်များအတွက် Pre-Order ကောက်ခံခြင်းသည်။

ပြည်တွင်းကားဈေးကွက်အတွင်း ပြည်ပမှ ကားအသစ်များတင်သွင်းရောင်းချခွင့် ရပ်ဆိုင်းထားသည့်အတွက် ကားသစ်ဈေးကွက်တွင် အရောင်းအဝယ်အေးစက်နေကြောင်း ကားလုပ်ငန်းရှင်အချို့က ပြောသည်။

ပြည်တွင်းတွင် ဒေါ်လာငွေလိုအပ်ချက်မြင့်မားလာမည်ကို စိုးရိမ်သဖြင့် ပြည်ပမှ ကားသစ်တင်သွင်းခြင်းနှင့် ကားအစိတ်အပိုင်းများ တင်သွင်းခွင့်ကို ပိတ်ထားသည့်အတွက် ကားဈေးနှုန်းများမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *