MT News

translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်တာဝန်ယူခဲ့သော ချင်းဂန်း (Qin Gang) ၏နေရာတွင် ၎င်းမတိုင်မီက နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သော ဝမ်ယိအား ပြန်လည်ခန့်ထားလိုက်ကြောင်း သိရသည်။

အသက် ၅၇ နှစ်အရွယ် ချင်းဂန်းမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်အပြီး လွန်ခဲ့သည့် ဒီဇင်ဘာလတွင်မှ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းမှာ အများပြည်သူမြင်ကွင်းမှ ဇွန်လ ၂၅ ရက်မှစ၍ ပျောက်ကွယ်နေရာမှ ဇူလိုင်လ ၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိကို ၎င်း၏နေရာတွင် ပြန်လည်တာဝန်ပေးကြောင်း အမိန့်စာ ရုတ်တရက် ထွက်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ချင်းဂန်းကိုအနားပေးခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့်ဟု တစ်စုံတစ်ရာပြောကြားခြင်းကားမရှိပေ။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပြန်လည်ယူမည့် ဝမ်ယိက ၂၀၁၃ မှ ၂၀၂၂ ခုနှစ်အထိ တရုတ်အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ထမ်းဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ထင်ရှားသောပြည်ပဆက်ဆံရေးကျွမ်းကျင်သည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

Ref-cnn

Leave a Reply

Your email address will not be published. Required fields are marked *