၂၅. ၇. ၂၀၂၃
Written by Pan Ei
အမေရိကန်က အသက် ၉၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကာယဗလသမား Jim Arrington က အနားယူဖို့ အစီအစဉ်မရှိသေးဘဲ မကြာသေးမီက ကာယဗလပြိုင်ပွဲတစ်ခုမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး သူ့စံချိန်ကို ထိန်းထားခဲ့ဆဲဖြစ်ပါတယ်။
အသက် ၁၅ နှစ်က စတင် လို့ ကိုယ်ကာယလေ့ကျင့်မှု Gym ဆော့ပြီး သူ့ခန္ဓာကိုယ်ကို ဆယ်စုနှစ်များစွာ ကြာအောင် ပုံဖော်ခဲ့တဲ့ Jim Arrington ဟာ အသက် ၉၀ နှစ် ပြည့်တဲ့ အခုချိန်အထိ Gym ကို တစ်ပတ်ကို နှစ်နာရီ၊ သုံးနာရီလောက် သွားရောက်ကစားနေတုန်းဖြစ်တယ်လို့သိရပြီး မကြာသေးမီက နီဗားဒါးနိုင်ငံ၊ ရီနိုမြို့မှာကျင်းပခဲ့တဲ့ IFBB ပရော်ဖက်ရှင်နယ်လိဂ် ကာယဗလပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ခဲ့ကာ အသက် ၇၀ ကျော် အမျိုးသားပြိုင်ပွဲမှာ တတိယနဲ့ အသက် ၈၀ ကျော် အမျိုးသားပြိုင်ပွဲမှာ ပထမရရှိခဲ့ပါတယ်။

သူဟာ မွေးတုန်းက ၅ ဒသမ ၅ ပေါင်သာ ကိုယ်အလေးချိန်ရှိခဲ့ပြီး ငယ်ရွယ်စဉ်မှာ ကျန်းမာရေး ပြဿနာများစွာကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ အလေးမစတင်ကစားခဲ့တာလို့ သိရပါတယ်။
“ကျွန်တော် စူပါဟီးရိုးဖြစ်ချင်ခဲ့တယ်” လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့တဲ့ သူဟာ ၂၀၁၅ ခုနှစ် သူ ၈၃ နှစ်အရွယ်တုန်းက ကမ္ဘာ့အသက်အကြီးဆုံး ကာယဗလသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
Ref; NDTV

