ဘာသာရေး ဆန္ဒပြသမားများက ဘဂ္ဂဒက်မြို့ရှိ ဆွီဒင်သံရုံးကို ဇူလိုင် ၂၀ ရက်က ဝင်ရောက်တိုက်ခိုက်ကြစဉ်။

၂၁. ၇. ၂၀၂၃
Translated by Htwe Ko Tun

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ခိုရမ်ကျမ်းမိတ္တူအားမီးရှို့ခဲ့မှုကို တုံ့ပြန်ဆန္ဒပြသည့်အနေဖြင့် အီရတ်နိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ် အီကရစ်ဆန်အား အီရတ်နိုင်ငံမှနှင်ထုတ်လိုက်သကဲ့သို့ ဆွီဒင်နိုင်ငံရှိ အီရတ်သံရုံးယာယီတာဝန်ခံသံမှူးကိုလည်း ဇူလိုင်လ ၂၀ ရက်တွင် ပြန်လည် ခေါ်ယူခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အီရတ်နိုင်ငံမှ ဆွီဒင်သို့ပြောင်းရွှေ့နေထိုင်သူတစ်ဦးက ဇွန်လအတွင်း စတော့ဟုမ်းမြို့ရှိ ဗလီတစ်ခုအပြင်ဘက်တွင် ခိုရမ်ကျမ်းမိတ္တူအား မီးရှို့မှုကို ဆွီဒင်အစိုးရက ခွင့်ပြုခဲ့မှုအတွက် ဘဂ္ဂဒက်မြို့ရှိ ဆွီဒင်သံရုံးအား ရာပေါင်းများစွာသော ဆန္ဒပြသမားများက ဇူလိုင်လ ၂၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်၍ မီးရှို့မှုပြုလုပ်ခဲ့ကြသည်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး တိုဘီယာ့စ် ဘီလ်စတောင်းက ဘဂ္ဂဒက်မြို့ရှိ ဆွီဒင်သံရုံးဝန်ထမ်းများမှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ကြကြောင်း၊ သို့သော် အီရတ်အစိုးရအနေဖြင့် သံရုံးအား အကာအကွယ်ပေးရန် ၎င်းတို့၏တာဝန် ပျက်ပြားခဲ့ကြောင်း ပြောခဲ့သည်။ အီရတ်အစိုးရကလည်း ဆွီဒင်သံရုံးကို မီးရှို့ဆန္ဒပြမှုအပေါ်တွင်ပြင်းထန်စွာ ရှုတ်ချခဲ့သည်ဟု သိရသည်။

အာရပ်နှင့် အစ္စလာမ်မစ်နိုင်ငံများအနေဖြင့် အီရတ်အစိုးရ၏လုပ်ဆောင်မှုများအတိုင်း နည်းယူကာ ၎င်းတို့နိုင်ငံများရှိ ဆွီဒင်သံအမတ်များကို ပြန်လည်နှင်ထုတ်ကြရန် လက်ဘနွန်နိုင်ငံရှိ အီရန်က ထောက်ပံမှုပေးနေသော ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဆေရက် ဟတ်ဆန် နတ်စ် ရာလာ ကလည်း ဇူလိုင်လ ၂၀ရက်က ပြောခဲ့သည်။

Ref-reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News