၂၀. ၇. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပညာရေးစနစ်သည် အခက်အခဲများဖြင့် ရင်ဆိုင်လျက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့သော ရက်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့ရာမြန်မာနိုင်ငံ၏ အထက်တန်းပညာရေးတွင် တက်ရောက်ရန် ကျောင်းအပ်ထားသူ အရေအတွက် ၂၂ ရာခိုင်နှုန်းကျော်သာရှိကြောင်း ကမ္ဘာဘဏ်ကဆိုသည်။

မြန်မာ့ပညာရေး အင်စတီကျူးရှင်များရှိ အတန်းအားလုံးတွင် ကျောင်းအပ်သူအရေအတွက်သည် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၁၂ ရာခိုင်နှုန်းကျော် လျော့နည်းကျဆင်းသွားခဲ့ရာ ပညာရေးကဏ္ဍနှင့်ပတ်သက်ပြီး အခက်အခဲဖြစ်လျက် ရှိနေခဲ့သည်။

ထို့ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အထက်တန်းကျောင်းသားများသည် ကျောင်းထွက်ပြီး လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်နေခြင်းများရှိနေကြောင်း ဒေသခံကျောင်းဆရာတစ်ဦးဖြစ်သော ဆလိုင်းက ပြောသည်။

အာဆီယံဒေသတွင်းနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလ ပြီးဆုံးချိန် ကျောင်းအပ်နှံသူအရေအတွက်ပြန်လည်မြင့်တက်လာခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကျောင်းသားအများအပြား ကျောင်းပြန်တက်ခြင်းမျိုး မရှိခဲ့ကြောင်း ကမ္ဘာဘ့ဏ်က မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈၅၀၀ နီးပါးကို စစ်တမ်းကောက်ယူခဲ့ပြီးနောက် ထိုသို့ ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ်က ” မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍာဟာ ၂၀၁၇ ခုနှစ်မတိုင်ခင်က အတန်းတိုင်းမှာ ကျောင်းအပ်နှံတဲ့ကျောင်းသားအရေအတွက် မြင့်တက်နေခဲ့တယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ပညာရေးကဏ္ဍမှာ ကျောင်းအပ်နှံမှု ကျဆင်းခဲ့တယ်။ ပညာရေးကဏ္ဍက အခက်အခဲတွေရှိလာနေတယ်” ဟုပြောသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရှိ အချို့မြို့များတွင် ကျောင်းသား၊ ကျောင်းသူများသည် စာသင်ခန်းကို ပြန်လည်လာရောက်ရန် ခက်ခဲရုန်းကန်နေရပြီး ကျောင်းဆရာ၊ ဆရာမများနှင့် လုပ်အားပေးဆရာများက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနေရာများတွင် အခြေခံအတန်းပညာများကို သင်ကြားပေးရန် ကြိုးပမ်းနေရကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *