၁၈. ၇. ၂၀၂၃
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ကျောင်းကုန်းကျေးရွာအနီး ဆည်မြောင်းဘေးက ကန်ထဲမှာ ကျောင်းသားငယ် ၂ ဦး ရေဆင်းကူးရာက ရေနစ်သေဆုံးတဲ့ဖြစ်စဉ် ဒီနေ့ ဇူလိုင် ၁၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်လောက်က ဖြစ်ပွားခဲ့တယ်လို့ ကြို့ပင်ကောက်နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်ဟာ ကြို့ပင်ကောက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ ဗောဓိရုက္ခကျောင်းက ဆဋ္ဌမတန်းကျောင်းသားတစ်ဦးနဲ့ တတိယတန်းကျောင်းသားတစ်ဦးတို့ ကျောင်းကုန်းကျေးရွာအနီး ဆည်မြောင်းဘေးက ကန်ထဲမှာရေဆင်းကူးရာကနေ နှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့ကြတာလို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-18_12-13-21-768x1024.jpg

သေဆုံးသူတွေက Grade 6 ကျောင်းသား မောင်ကိုကိုထွန်းနဲ့ Grade 3 ကျောင်းသား မောင်ထက်မြတ်သူတို့ နှစ်ဦးလို့ သိရပြီး ကန်ဘောင်ပေါ်မှာတွေ့ရတဲ့ အဖြူအစိမ်းကျောင်းဝတ်စုံတွေနဲ့ လွယ်အိတ်ထဲက စာအုပ်တွေကိုစစ်ဆေးကြည့်ရာက သူတို့ရဲ့ကျောင်းနဲ့ နေရပ်ကို စုံစမ်းသိရှိခဲ့ရတယ်လို့ သိရပါတယ်။

“နစ်သွားတာ သိသိချင်း ဆင်းဆယ်ကြပေမယ့် အသက်မမှီတော့ဘူး။ ကျွန်တော်တို့ရောက်တော့ ကလေးအလောင်းတွေက ကန်ဘောင်ပေါ်ဆွဲတင်ထားပြီးပြီ။ သူတို့ နှစ်ဦးက တစ်လမ်းထဲနေတာ ဗောဓိ ၃ လမ်းထဲကပါ။ သက်ဆိုင်ရာက စုံစမ်းစစ်ဆေး အတည်ပြုပြီးလို့ ကျွန်တော်တို့ အသင်းကပဲ ရင်ခွဲရုံကနေ ရုပ်အလောင်းတွေကို နေအိမ်အသီးသီးပြန်ပို့ပေးလိုက်ပါပြီ” လို့ နာရေးကူညီမှုအသင်း – ကြို့ပင်ကောက်မြို့ ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *