October 3, 2024

“စိတ်အညစ်ရဆုံးအချိန်တွေကို ညီအစ်မရင်းလိုချစ်ပေးတဲ့ မေပန်းချီကို အရမ်းချစ်တဲ့အကြောင်းပြောလာတဲ့ ရွှေရည်သိန်းတန်”

၁၃. ၇. ၂၀၂၃
Written By Thandar

မကြာခင်က ပြန်လည်လွတ်မြောက်လာတဲ့ အဆိုတော် ရွှေရည်သိန်းတန်ကတော့ စိတ်အညစ်ရဆုံးအချိန်တွေကို အတူတူရင်ဆိုင်ဖြတ်ကျော်နေချိန်မှာ ညီအစ်မရင်းလိုချစ်ပေး ခွန်အားတွေပေးခဲ့တဲ့ သရုပ်ဆောင် မေပန်းချီကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောလာပါတယ်။

“စိတ် အညစ်ရဆုံးအချိန်တွေ အတူတူဖြတ်ကျော်နေချိန် အစ်မရင်းတစ်ယောက်လို ချစ်ပေးချွဲပေး၊ ဖေးမပေးရင်း အတူငိုပေး ရီပေးခဲ့တဲ့ အမွှေစိန် ညီမလေး မေပန်းချီ။ အရမ်းချစ်သလို ဘယ်တော့မှမမေ့ပါဘူး ညီမလေး။ အစ်မတစ်ယောက်အဖြစ် အမြဲရှိနေမယ်နော်။ အမွေလည်းပေးပါမယ်ရှင့်” လို့ အဆိုတော် ရွှေရည်သိန်းတန် က ပရိသတ်သိအောင်ရင်ဖွင့်လာပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-13_12-55-40-689x1024.jpg

သူမကတော့ ပုဒ်မ၅၀၅(က)နဲ့ တရားစွဲဆိုခံရပြီး ၄ လအကြာမှာ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။ ပုဒ်မ၅၀၅(က)နဲ့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် မေပန်းချီ၊ မေလသံစဉ်၊ မြတ်သူသူ ၊ ရွှေရည်သိန်းတန်နဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေတို့ဟာ ဇူလိုင် ၇ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြတာဖြစ်ပါတယ်။

”ခုလိုလေး အားလုံးနဲ့ ပြန်ဆုံရဖို့ ကာလ အတန်ကြာတစ်ချိန်လုံး အပင်ပန်းခံပြီး တချက်မှ မငြီးမငြူ မအိပ်မနေကြိုးစားပေးခဲ့တဲ့ ချစ်ခင်ပွန်းကို ကျေးဇူးတင်စွာ ကန်တော့ပါတယ်။ ယောင်းမတယောက်ဆိုတာထက် သွေးသားအရင်း အမအရင်းလို အမြန်ပြန်ရောက်ဖို့ ယတြာတွေချေ အစားအသောက် အဝတ်အစားကအစ အပင်ပန်းခံ မနားမနေလုပ်ပေးခဲ့ကြတဲ့ ချစ်ယောင်းမလေးများကို ကျေးဇူးတင်ပါတယ်။ ချွေးမလိုမထားဘဲ သမီးတစ်ယောက် မျက်စိအောက်က ပျောက်သွားသလို ဘုရားစင်ရှေ့မှာ ရွှေရည့်အင်္ကျီလေးချပြီး နေ့တိုင်းမေတ္တာပို့ပေးတဲ့ အဖေ့ကိုလည်းကန်တော့ပါတယ် အဖေ” လို့ သူမရဲ့ အမျိုးသားနဲ့အတူ ချစ်ခင်ရတဲ့မိသားစုတွေကို ကျေးဇူးတင်လွှာရေးသားထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-13_12-55-41.jpg

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာ အဖြစ်အပျက်အတွက် အနုပညာရှင်တွေက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင်ပရိုဖိုင်ပုံ ချိန်းခဲ့တဲ့အတွက်ကြောင့် အထက်ပါစာပေအနုပညာရှင်တွေ ဖမ်းဆီးတရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *