MT News
မြန်မာငွေ ကျပ် ၂၅ သိန်းနဲ့ အားပေးနိုင်မဲ့ မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ရဲ့ Novotel Hotel က ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်တယ်လို့ Novotel က အခုကြေညာပါတယ်။
“A Night with Myo Gyi & Wine Wine” ပွဲ အားပြုလုပ်တော့မည် မဟုတ်ပါကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။ အဆင်မပြေမှုများအတွက် Novotel Yangon Max မှ သက်ဆိုင်သူအားလုံးအား အနူးအညွတ်တောင်းပန်အပ်ပါသည်”လို့ The Management Team က ကြေညာတာလည်း ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲကို ဇူလိုင် ၂၁ ရက် ည ၇ နာရီကနေ ၁၀ နာရီအထိပြုလုပ်မှာဖြစ်ပြီး လုပ်ငန်းရှင်ကြီးဦးဇော်ဇော်ပိုင်ဆိုင်တဲ့ ဒီ Novotel ဖျော်ဖြေပွဲအတွက် ကျပ် ၂၅ သိန်းနဲ့ ဝယ်ယူသူတွေဟာ လူ ၈ ယောက်စာ စားပွဲ၊ အခန်း ၂ ခန်း၊ စကော့ချ်ဝီစကီ ၁ လုံး၊ ဘီယာ၊ ဝိုင်နဲ့ အမြည်းတွေက Free Flow သုံးဆောင်နိုင်မယ်လို့လည်း ကြော်ငြာမှာ ဖော်ပြထားခဲ့ပြီး ၂၅ သိန်းဟာ များတယ်လို့လည်း ဝေဖန်မှုတွေရှိခဲ့အပြီးမှာ ဖျက်သိမ်းသွားတာလည်း ဖြစ်ပါတယ်။
MT News သတင်းဌာနက မူလတင်ခဲ့တဲ့ သတင်းကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။
https://m.facebook.com/story.php?story_fbid=229937763325082&id=100089265783140&mibextid=Nif5oz
